မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၈ ရက် ဒီနေ့ မနက်ပိုင်းက မြိုင်မြို့တွင်း ထွေအုပ်ရုံးကနေ မန္တလေးဂိတ်ဖက် ထွက်လာတဲ့ စစ်ကောင်စီတပ်သား နှစ်ယောက်ကို မြိုင်ပကဖ ၊ ကိုလင်းမြွေတပ်ဖွဲ့နဲ့ ကိုဆံရှည်တပ်ဖွဲ့တို့က သတင်းအရ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် အပြင်းအထန်ဒဏ်ရာရရှိသွားသလို MA-1 သေနတ်တစ်လက်နဲ့ ကျည် ၁၇တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ မြိုင်မြို့နယ် လင်းကတော ရဲစခန်းအတွင်းက စစ်ကောင်စီတပ်သားတွေဟာ လင်းကတောရွာအတွင်း မိုင်းထောင်ပြီး အများပြည်သူတွေရဲ့ အစားအသောက်တွေ ခိုးယူ‌နေချိန် တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်က ၃ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရကာ BA 63 သေနတ် ၂ လတ် သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ပကဖ အမှတ်(၁) တပ်ရင်း ၊ ဆားလင်းကြီး SSTF တပ်ဖွဲ့ နဲ့ မြိုင်ပကဖ – မြောက်ပိုင်းဇုန်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါင်မြို့နယ် ဇင်ယော်ရွာက လူငယ်၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကသာမြို့သိမ်းတိုက်ပွဲဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စု လေကြောင်း​က အဆက်မပြတ်ဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရသလို စစ်အုပ်စုကအဆက် မပြတ် ဗုံးကြဲနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

NUG အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ၂ ခု၏ ဒုဝန်ကြီး မြေပြင်ကွင်းဆင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ရဲ့ ဒုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားတဲ့ ဦးကျော်နီ မြေပြင်ကွင်းဆင်းပြီး အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ သတင်းပြန်ကြားရေးမီဒီယာက ဩဂုတ် ၄ ရက် မနေ့က သတင်းဖော်ပြထားပါတယ်။
Read More

တောင်တွင်းကြီးတွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် ကပစ (၁၈) မှ စစ်သားများ ကြားဖြတ် တိုက်ခိုက်ခံရပြီး နေရာတင် ၄ ဦး သေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်မှာ သစ်လှည်း၊ ဝါးလှည်းတွေဆီက ဆက်ကြေးကောက် ငွေညှစ်ပြီး ပြန်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ လေးယောက် သေဆုံးပြီး သေနတ် ငါးလက်နဲ့ ကျည်ဆံတွေ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘုတလင်မှာ စစ်တပ်က ရွာတွေကို မီးဝင်ရှို့ပြီး ဓားစာခံ ဖမ်းဆီးမှုတွေ လုပ်နေလို့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဖြတ်တိုက်ခံထားရတဲ့ စီပါကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။