အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံတွေကို ပေးအပ်နေတဲ့ အကူအညီတွေအားလုံး ရက်ပေါင်း ၉၀ ယာယီ ရပ်ဆိုင်းလိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်တန့်လိုက်ရတယ်လို့ ဒုက္ခသည် အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ နို့ဖိုးဒုက္ခသည်စခန်း၊ အုန်းဖြန်ဒုက္ခသည်စခန်းနဲ့ မယ်လဒုက္ခသည်စခန်းတွေအပါအဝင် ဒုက္ခသည်စခန်း ၉ ခုထက်မနည်းရှိပြီး အဲ့ဒီဒုက္ခသည်စခန်းတွေက စစ်ဘေးရှောင် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအားလုံး ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေက ဆေးခန်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ မိခင်နဲ့ ကလေး ကာကွယ်ဆေးနဲ့ ကျန်းမာရေး အသိပညာပေး အစီအစဉ် စတာတွေ ပါဝင်တာဖြစ်ပါတယ်။

အမေရိကန်အစိုးရက နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ အသုံးစရိတ်တွေကို ပြန်သုံးသပ်ဖို့ ထောက်ပံ့ငွေပေးတာကို ရက် (၉၀) ဆိုင်းငံ့လိုက်တဲ့နောက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC) ဘက်က ကျန်းမာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို ရပ်နားလိုက်တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ စတင်တာဝန်ထမ်းဆောင်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ အမေရိကန်နိုင်ငံထံ ဒုက္ခသည်ခေါ်ယူရေး အစီအစဉ်တွေကို ရပ်ဆိုင်းထားတဲ့အပြင် ရန်ပုံငွေ ထောက်ပံ့ပေးအပ်မှုတွေကိုလည်း ရက် ၉၀ ဆိုင်းငံ့ကာ မူဝါဒတွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆန်းစစ်သုံးသပ်မယ်လို့ ဆိုထားပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ အမျိုးသမီးအရေးနဲ့ လူနည်းစုအရေး လှုပ်ရှားနေတဲ့ လူမှုအခြေပြု CSO အဖွဲ့အစည်းတွေမှာလည်း အမေရိကန် ပြည်ပအကူအညီ ဖြတ်တောက်မှုရဲ့ သက်ရောက်မှုတွေ ရှိနေပြီး တချို့အဖွဲ့တွေက ယာယီရပ်နားသွားရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်သားဘဝကို မသိဘဲ စစ်တပ်ကို စော်ကားနေကြတယ်လို့ ဦးခင်ရီ ပြော

မတရား စစ်အာဏာသိမ်းမှုကို တိုင်းပြည်အနှံ့ ဆန့်ကျင်နေကြတဲ့ လက်ရှိအချိန်မှာ စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီကတော့ လက်ရှိ လူငယ်တွေဟာ စစ်သားတွေရဲ့ ပေးဆပ်မှုကို သေချာမသိဘဲ တပ်မတော်ကို စော်ကားနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ကန်ဘလူတွင် ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၂ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး လူ ၈၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ အောက်တိုဘာလ ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သား အယောက် ၈၀ နီးပါးကို ပြန်ပေးဆွဲဖမ်းဆီးခဲံပြီး၊ အမျိုးသမီး ၂ယောက်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ -ကန့်ဘလူခရိုင်ထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ရွာနေအရပ်သား ၂၉ ယောက်၊ ဇီးကုန်းရွာက ၁၈ ယောက် နဲ့ ဗျူဟာလမ်းကြောပေါ်သွားလာနေတဲ့ အရပ်သားအယောက် ၃၀ ထက်မနည်းကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
Read More

မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလ ထုတ်ပြန်


စက်တင်ဘာလ အစောပိုင်းကာလကစတင်ကာ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့်  သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
Read More

Senthang Revolution Force (SRF) ၏ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Senthang Revolution Force (SRF) ရဲ့ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲကို ဇွန်လ (၁၁) ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ဒဂုံတွင် ဆိုင်ကယ်နှင့်ထွက်လာသည့် ပျူစောထီးများ ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးပြီး ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ရက်တာဝန်ရှိသူက မောင်းကို ပြောပါတယ်။