ရခိုင်စစ်မျက်နှာကနေ မကွေးတိုင်းအတွင်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးမှုကနေ စစ်သုံ့ပန်း ၁၅၀ ကျော်နီးပါး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလလောက်ကစလို့ ၂၀၂၅ ဇန်နဝါရီလအထိ ရခိုင်စစ်မျက်နှာကနေ နယ်နမိတ်ချင်းထိစပ်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့၊ အမ်း-ပဒါန်းလမ်းပိုင်းအတိုင်း ဆုတ်ခွာထွက်​​ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို CDF -Asho အပါအဝင် ငဖဲအခြေစိုက် တော်လှန်ရေးတပ်တွေက လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့တာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးရမှာ လက်နက်နဲ့ ပြန်လည်ခုခံတာမျိုးရှိသလို အသာတကြည် အညံ့ခံတာမျိုးတွေလည်း ရှိတယ်လို့ဆလိုင်းရိုးချင်းက ပြောပါတယ်။

“တိုက်ပွဲတွေကနေ မနိုင်တော့လို့ လွတ်ရာ​လွတ်ကြောင်း ပြေးလာတာတွေရှိသလို တပ်စွဲထားတဲ့စခန်းတွေကနေ ပြေးလာတာ​လည်း ရှိပါတယ်။ သေနတ်ပါလာတာရော၊ မပါဘဲ လာတာရော၊ ပြေးရင်းနဲ့ လွှတ်ပစ်ခဲ့တာမျိုးတွေရော ရှိတယ်။ မိသားစုတွေတော့ မပါကြပါဘူး။ စစ်မှုထမ်းတွေလည်း ပါတယ်။ အမြင့်ဆုံး တပ်ကြပ်ကြီးအဆင့်အထိ ပါပါတယ်” လို့ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့အတွင်း CDF-Asho က ဖမ်းဆီးရမိသည့် အမ်းမြို့ကထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၁ ဦးနှင့် လက်နက်ခဲယမ်းများ

လက်ရှိမှာ CDF – Asho အနေနဲ့ စစ်ကောင်စီသုံ့ပန်း ၁၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

“တစ်ခုရှိတာက သူတို့သည် တော်လှန်ရေးရဲဘော် လုပ်ကြမှာလည်း မဟုတ်ဘူး။ အရင်လတွေတုန်းက မိတဲ့သူတွေကဆို လက်နက်မရဘူး။ အလုပ်တာဝန် ပေးပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားတယ်။ ပုံမှန်ကျွေးမွေးတယ်။ ဆေးကုသပေးတယ်။ လုံခြုံရေးအရ၊ နယ်မြေအခြေအနေအရ တစ်နေရာတည်း စုပြုံထားလို့မရဘဲ ခွဲပြီးထားရတာ၊ ရွှေ့ပြီးထားရတာတွေ ရှိပါတယ်။ သုံ့ပန်းဖြစ်တာကြာတဲ့ သူတချို့လည်း မိသားစုနဲ့ဆက်သွယ်ရရင် ဆက်သွယ်ခွင့် အကျိုးအကြောင်းပြောတာမျိုးတွေ လုပ်ပေးပါတယ်” လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဖမ်းဆီးရမိသည့် စကစတပ်သား ၂ ဦးနှင့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖမ်းဆီးရမိသည့် စကစတပ်သား ၂ ဦးတို့ကို အတူတကွ ဖမ်းဆီးထားသည်ကို တွေ့ရစဉ်

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ရက်နေ့ကစလို့ ၂၅ရက်နေ့အထိ ၉ရက်တာအတွင်းမှာလည်း ရခိုင်စစ်မျက်နှာကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၇ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ CDF-Asho က အမ်း-ပဒါန်းလမ်းပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

CDF – Asho နည်းတူ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) ကလည်း ဇန်နဝါရီလအတွင်း မကွေး-ရခိုင် နယ်စပ်မျဥ်းတိုက်ပွဲတွေကနေ ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖြတ်တောက်တိုက်ခိုက်ရင်း ခမရ ၁၁၃ ဗိုလ်ကြီး ၂ယောက် အပါအဝင် ၁၂ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

 

0 Shares:
You May Also Like
Read More

တရုတ်ဖိအားကြောင့် MNDAA ပါဝင်မှု တစ်ခန်းရပ်သွားသည့်တိုင် နွေဦးတော်လှန်ရေးအရှိန်ကို ဘာအရာမှ တားဆီးလို့မရ

ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးအထိကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အခုလ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်စာချုပ်ကို ရေးထိုးလိုက်ပြီလို့ တရုတ်အစိုးရက ဖွင့်ချပြောဆိုလိုက်ပါတယ်။ 
Read More

အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ (အသက်မပြည့်ဘဲ စစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ပြောပြချက်)

စစ်ကောင်စီဟာ သူတို့ရဲ့ ချိနဲ့နေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်း လူသစ်စုဆောင်းရာမှာ အသက်မပြည့်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အသက်ပြည့်မီသယောင် မှတ်ပုံတင်ပါ တခါတည်းထုတ်ပေးနေတယ်လို့ ပေါ်တာဆွဲခံရပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ပိုင် (အမည်လွှဲ) ထံက သိရပါတယ်။ 
Read More

အပူရုပ် ဟန်လုပ် ပွဲကြိုက် မင်းအောင်လှိုင် (သရော်စာ)

ဒီဇင်ဘာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်တွေဟာ အာဏာသိမ်းစစ်ကောင်စီထံက တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်ရင်း တော်လှန်ပြည်သူတွေကို နှစ်သစ်လက်ဆောင် ပေးနေကြပါတယ်။
Read More

စစ်ကောင်စီ၏ အသက်သွေးကြောဖြစ်ပေမယ့် ဘေးကင်းနေဆဲ ကပစ စက်ရုံများ

စစ်ကောင်စီအတွက် လူသတ်လက်နက်တွေ ထုတ်လုပ်နေပေးတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ စက်ရုံ) တွေဟာ မြန်မာနိုင်ငံတွင်း တိုင်းဒေသတွေမှာတည်ရှိနေပြီး အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ ကပစ စက်ရုံများစွာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ စစ်ရေးဗျူဟာအတွေ့အကြုံတွေကို သွေးနဲ့ရင်းပြီးရခဲ့တဲ့ မုံရွာခရိုင် အမှတ် ၃ တပ်ရင်း

ဗျူဟာကျကျ စစ်တိုက်နိုင်ဖို့နဲ့ မြို့သိမ်းတိုက်ပွဲအတွေ့အကြုံတွေလိုချင်လို့ ချင်းညီနောင်အဖွဲ့နဲ့အတူ  မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်း -၃ ရဲဘော်တွေရဲ့ အိမ်အပြန်လမ်းမှာ ပြည်သူတွေကသောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

မင်းအောင်လှိုင် ၁ နှစ် ၁ ခါ ပုံမှန်သွားရတဲ့ စစ်တက္ကသိုလ် ရေဆင်းကို ပြောင်းရွှေ့ဖို့ လုပ်နေလား၊ ဘာကြောင့်ဖြစ်နိုင်မလဲ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ် (DSA) နဲ့ စစ်အင်ဂျင်နီယာ တက္ကသိုလ် (DSTA) ကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ၉ လအတွင်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်က ရေဆင်းတက္ကသိုလ်ထံကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သတင်းများစွာ ထွက်ပေါ်နေပါတယ်။