ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း- ပဒါန်းလမ်းပိုင်းမှာ ၉ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ Chin Defense Force – Asho ရဲ့ သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။

ဇန်နဝါရီလ ၁၇ ရက်ကနေ ၂၅ ရက်အထိ ၉ ရက်တာအတွင်း အမ်း- ပဒါန်းလမ်းပိုင်းမှာ ရခိုင်စစ်မျက်နှာကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကြောင်းတွေကို Chin Defense Force – Asho က ပိတ်ဆို့တားဆီးရာကနေ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

Chin Defense Force – Asho ၏ ထုတ်ပြန်ချက်

” ဒီတစ်ခေါက် မိတာတွေကတော့ ပြန်ပြီးတိုက်ခိုက်တာမျိုးမရှိပါဘူး။ ဒါပေမယ့် အလင်းဝင်တယ်လည်း ပြောမရဘူး။ အလံဖြူထောင်လာတာ မဟုတ်တော့လေ။ မကွေးတိုင်းထဲအထိ ပြေးဖို့လုပ်တာမှာ ကျနော်တို့က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တာပါ။ ဒါပေမယ့် သုံ့ပန်းဥပဒေအတိုင်းပဲ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်” လို့ Chin Defense Force – Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။

သူကပဲဆက်လက်ပြီး ” တိုက်ပွဲတွေမှာ သူတို့မနိုင်တော့လို့ လွတ်ရာ​လွတ်ကြောင်းပြေးလာတာတွေရှိသလို တပ်စွဲထားတဲ့စခန်းတွေကနေပြေးလာတာ​လည်းရှိပါတယ်။ သေနတ်ပါလာတာရော မပါပဲ လာတာရော ပြေးရင်းနဲ့ လွှတ်ပစ်လာတာမျိုးတွေရောပါ။ မိသားစုတွေတော့မပါကြပါဘူး။ အမြင့်ဆုံးတပ်ကြပ်အဆင့်တွေပါပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့အတူ MA -1 သေနတ် (၅)လက်၊ MA-2 သေနတ် (၁)လက်၊ MA-4(၁) လက်၊ MA-15 (၁လက်) တို့အပြင် ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

CDF-Asho က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ
CDF-Asho က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ
CDF-Asho က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ

လက်ရှိ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း ထိစပ်တဲ့နေရာတွေမှာ အာရက္ခတပ်တော် AA က စစ်ကောင်စီကို ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ အမ်း-ပဒါန်းလမ်းပိုင်းကတဆင့် ထွက်ပြေးတိမ်း​ရှောင်နေရပြီး မကွေးတိုင်းအနောက်ပိုင်း အခြေစိုက်တော်လှန်ရေးတပ်တွေကလည်း ဆုတ်ခွာလာတဲ့စစ်သားတွေကို ပိတ်ဆို့တိုက်ခိုက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော် PDF တပ်ရင်း ၈၀၄ ၏ စခန်းငယ်တစ်ခု စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခံရ၊ ကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆိုလာနှင့် မိုးတွင်းရိက္ခာများပျက်စီး

"နေပြည်တော် လယ်ဝေးမြို့နယ်ဘက်ကနေ အင်အား ၅၀၀နဲ့ တစ်ကြောင်းထိုးသလို ကိုးပင်- သာဂရဘက်ကနေလည်း အင်အား ၁၀၀နဲ့ ထိုးပါတယ်။ နောက်ပြီး တောင်တွင်ကြီး၊ အောင်လံ၊ ဆင်ပေါင်ဝဲမြို့နယ်တွေက ထုတ်နုတ်အင်အား ၆၀နဲ့ ထိုးတယ်ပေါ့။ အင်အား ၃ကြောင်း ခွဲထိုးတဲ့သဘောပေါ့။" လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ ရဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ရေကြီးမြေပြိုမှုတွေကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၈၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

အထူးသဖြင့် တိုင်းနဲ့ ပြည်နယ် ၉ ခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူပေါင်း ၃၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
Read More

နောင်မွန်မြို့နယ်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲရာ အရပ်သားပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင် ၊ နောင်မွန်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ကိုးကန့်တပ်မတော် MNDAA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နယ်မြေရှင်းလင်းရင်း တွင်းထဲ စွန့်ပစ်ထားခဲ့သည့် စစ်သားအလောင်း ၃ လောင်း တွေ့ရှိ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စွန့်ပစ်ထားခဲ့တဲ့ အကြမ်းဖက်စစ်သား အလောင်း ၃ ‌လောင်း တွေ့ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းနဲ့အတူ စစ်အာဏာသိမ်းမှုအတွင်း နိုင်ငံသားတွေရဲ့ စွန်လွှတ်အနစ်နာခံမှုကို အမှတ်ရနေမယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်း ထုတ်ပြန်ပြောဆို

အမေရိကန်၊ ဗြိတိန်နဲ့ အိန္ဒိယအပါအဝင် နိုင်ငံတကာက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်လိုက်ပြီး စစ်အာဏာသိမ်းမှုအတွင်း မြန်မာပြည်သူပြည်သားတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေအပေါ် အမှတ်ရနေမှာဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲဥပဒေဖြင့် မတရား ဖမ်းဆီးခံထားရသူ ၇၇ ဦးထက်မနည်း ရှိပြီဟု AAPP ထုတ်ပြန်

အာဏာသိမ်းစစ်ကော်မရှင်ဟာ သူတို့ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲနီးကပ်လာလေလေ ဝါဒဖြန့်မှုတွေ ပိုမိုလုပ်ဆောင်လာသလို ရွေးကောက်ပွဲအပေါ် ဝေဖန်သူတွေကိုလည်း ဖိနှိပ်ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာရာ အခုဆိုရင် ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရသူ ၇၇ ယောက်အထိ ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။