မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းက ပေါက်မြို့၊ ဘုရားတောင် ကုန်းပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချရင်း စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကင်းထောက်ဒရုန်း ၁ စင်းလည်း စစ်ကောင်စီရဲ့ Jammer (ဂျမ်မာ) မိကာ ထိခိုက်ပျက်စီးသွားတယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက ပြောပါတယ်။

” အဲ့ဘုရားတောင်ကုန်းက ပခုက္ကူနဲ့ ပေါက်ကြားကားလမ်းဘေးမှာရှိတာပါ။ ပေါက်မှာဆို သမိုင်းဝင်ဘုရားပေါ့။ အဲ့ကုန်းပေါ် ဒီကောင်တွေတပ်စွဲထားတာ ၁နှစ် ကျော် ၂နှစ်လောက်ရှိပါပြီ။ အဲ့ဘုရားကုန်းက ဂျမ်မာကတော်တော်ကောင်းတယ်။ သူတို့က ဂျမ်မာကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေတာ။ ပထမဆုံး ဒရုန်းနဲ့ ဗုံးချတော့ ဂျမ်မာလွတ်တယ်။ အဲ့တာကျနော်တို့က စောင့်ပြီး နောက်တစ်ခေါက် ကင်းထောက်ဒရုန်းလွှတ်မှ ​ငြိပြီးပြုတ်ကျတာပါ။ ၂စီးပျက်ကျတာ ၁စီးပျက်စီးသွားပါတယ်” လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

အဲဒီနေ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်​သေဆုံးမှုတွေကို အတည်မပြုနိုင်ပေမယ့် နောက်တစ်နေ့မှာတော့ ဘုရားကုန်းပေါ် မီးရှို့​တာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းမှာလည်း King Fighter SGF အဖွဲ့နဲ့ တော်လှန်ရေးတပ်တွေက ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

တိုက်ခိုက်မှုကြောင့် စခန်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေက တော်လှန်ရေးတပ်တွေရှိရာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တစ်နေကုန်ပစ်ခတ်တာမျိုးတွေ ရှိခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာတော့ အရပ်သားကားတွေကို ငွေညှစ်ဖို့ ကြိုးစားတဲ့ စစ်သား ၁ ယောက်သေပြီး ၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို King Fighter _ SGF အဖွဲ့နဲ့အတူ ပေါက်မြို့နယ် ဇုံ(၄)တိုက်ခိုက်ရေးအဖွဲ့၊ PDF_ Kamma၊ ABSDF၊ DKTF နဲ့ Three Brothers Defense Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ပေါက်မြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က စစ်အုပ်စုအထိုင်စခန်းတွေနဲ့ ဝါဇီငွေစက္ကူစက်ရုံတို့ကို တော်လှန်ရေးတပ်တွေက အဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် စစ်အုပ်စုတွေက ပေါက်မြို့နယ်မှာ စစ်ရေးအင်အားတိုးမြှင့်တာ​တွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“လက်ရှိ ပေါက် ကပစ ၂၄ထဲကို နေ့တိုင်းနေ့တိုင်း ထောက်ပို့ရဟတ်ယာဥ်တွေနဲ့ စစ်အင်အားပို့နေတာတွေရှိတယ်။ ဆိပ်ဖြူနဲ့စပ်နေတဲ့ ကပစ ၂၁ကနေလည်းပေါက်ထဲ ကျွံဝင်လာတာတွေရှိပါတယ်” လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကိုပြောပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာရှိ စစ်ကော်မရှင်တပ်သားများကို ဝင်ရောက်တိုက်ခိုက်၊ တပ်ကြပ်ကြီးအဆင့် (၂) ဦးအပါ ၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီးအပါ ၅ ဦး ဒဏ်ရာရ…

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်−ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

သောင်ရင်းမြစ်ကမ်းဘေးက စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ လှူဒါန်း

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေက စစ်ဘေးရှောင်စခန်းတွေကို ဘန်ကောက်အခြေစိုက် ပြည်ပရောက်မြန်မာ (PPYM) အဖွဲ့က ဆန်၊ ဆီဲ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ အဝတ်အထည် စတာတွေ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ PPYM အဖွဲ့အနေနဲ့ စစ်ရှောင်စခန်း ၃ခုကို သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
Read More

စစ်အုပ်စု အကောင့်တုများသုံးကာ ချင်းလူမျိုးအချင်းချင်းကို ရန်တိုက်ပေးသည့် စစ်မျက်နှာအသစ် ဖွင့်လာဟု ဆို

စစ်အာဏာရှင်တွေဟာ စည်းလုံးညီညွတ်နေတဲ့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းတွေကိုမဆို အချင်းချင်း သွေးကွဲအောင် မဟုတ်မမှန်သတင်းတွေနဲ့ အမျိုးမျိုး သွေးခွဲကာ တိုက်ခိုက်လေ့ရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ မစည်းလုံးနိုင်မှ သူတို့အသက်ရှုချောင်မှာဖြစ်တာကြောင့် ဒီလိုမှိုင်းတိုက်မှုတွေဟာ မြန်မာစစ်တပ်ရဲ့ လုပ်ရိုးလုပ်စဥ်တစ်ခုလည်း ဖြစ်လာပါတယ်။
Read More

KNU မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးနှစ်ပတ်လည်အစည်းအဝေး ပြုလုပ်၊ လူငယ်နှင့် နိုင်ငံရေးအခန်းကဏ္ဍ၊ လူငယ်နှင့်တော်လှန်ရေး အခန်းကဏ္ဍ၊ လူငယ်နှင့်အမျိုးသားရေးအခန်းကဏ္ဍများ ဆွေးနွေးခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ မြိတ်ထားဝယ်ခရိုင်မှာ ဇူလိုင်လ(၁၀)ရက် မနေ့က မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး နှစ်ပတ်လည်အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Kawlin info နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်​သေးဘဲ အခက်တွေ့နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူနဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ စစ်ကြောင်းအန္တရာယ်ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ ရှိနေတယ်လို့ သိရပါတယ်။