ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်အလုံး (၂၀)ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ဖော်ပြထားပါတယ်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်မှာ တစ်ကြိမ်၊ ဇန်နဝါရီလ ၁၉ ရက်မှာ တစ်ကြိမ်နဲ့ ဇန်နဝါရီလ ၂၆ ရက် မနေ့က ညနေပိုင်းမှာ တစ်ကြိမ် စုစုပေါင်း (၃)ကြိမ် လာရောက်မီးရှို့ဖျက်ဆီးခဲ့ရာ စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဒေသခံနေအိမ်အလုံး (၂၀)ခန့် ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်ကလည်း နောင်ချိုမြို့ ရဲစခန်းနဲ့ ပါရမီလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၈) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ တိုက်ပွဲမဖြစ်ပွားဘဲ အရပ်သားတွေကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ဗုံံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့အတွက် စစ်ရေးသတိ အမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်က ကာကွယ်နိုင်ဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစု၏ KMDF စခန်းကို မီးရှို့ဖျက်ဆီး၊ လက်နက်ခဲယမ်း ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစုရဲ့ Kamma Defence Force (KMDF) စခန်းကို မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိအချိန်အထိ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း မြေပြင်​တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

တောင်သာမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးကြင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်အနောက်ခြမ်းတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းများခွဲထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းတွေ ခွဲထိုးရင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေသလို အရပ်သား အယောက် ၄၀ နီးပါးကိုလည်း ဓားစာခံလုပ် ဖမ်းဆီးထားတယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါင်းတည် ဝဲကြီးဆည် စစ်တပ်ဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေ၊ ဒေသခံ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဝဲကြီးဆည် စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ဦး သေဆုံး၊ အများအပြား ထိမှန်ဒဏ်ရာ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက Y12 လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။