မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဝါဇီစက်ရုံ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက မြို့အနောက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 

ဇန်နဝါရီလ ၂၆ ရက် မနေ့က ညနေပိုင်းမှာ ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ကျေးရွာ၊ ရွာသစ်ပိုင်းကို စစ်ကောင်စီရဲ့ ကပစ(၂၂)က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၅ ယောက်သေဆုံးပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

” ကပစ ၂၂ ကနေ ဟောင်ဝစ်ဇာနဲ့ပစ်တာ၊ ၈ မိုင်လောက်ဝေးတဲ့ရွာပေါ် ကျတယ်။ ပထမ ၄ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရတာ ၊ အခု စိုးရိမ်ရတဲ့ ၁ ယောက်ပါသေသွားပါပြီ” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။ 

သေဆုံးသူတွေထဲ ကင်းမွန်တောင့်ရွာနေ  အသက် (၈၀)အရွယ် ဒေါ်ရွှေကြင်၊ အသက် (၅၀) အရွယ် ဦးမြင့်နိုင် နဲ့ အသက် (၅) နှစ်အရွယ် မောင်သုခမင်း၊မောင်သုခဝင်း အမြွှာညီအကိုတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စစ်​ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့ အရပ်သားများ (ဓာတ်ပုံ CJ)

ဒါ့အပြင် အဲ့ဒီနေ့ ညနေအစောပိုင်းကပဲ ထမ္မကောက်ကျေးရွာမှာ အထိုင်ချထားတဲ့  စစ်အုပ်စုတွေရဲ့ ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် အင်ကြင်ပင်ကျေးရွာနေ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ကိုယ်စီရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ရက်၊ မနက်အစောပိုင်းမှာဆိပ်ဖြူမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ငွေစက္ကူ ရိုက်နှိပ် ထုတ်ဝေရာ ဝါဇီစက်ရုံနဲ့အတူ စစ်ကောင်စီဂိတ်စခန်းတွေကို တော်လှန်ရေးအဖွဲ့တွေက လက်လုပ် Short Range Missile ၁၇ လုံး၊ Drop Bomb ၂၆ လုံးနဲ့ ၈၁ မမ ၆ လုံးပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“ဆောဆိပ်ဖြူလမ်း သပြေနားလမ်းတွေပေါ် ဟိုပစ် ဒီပစ်လုပ်နေတာ ၊ ရမ်းသမ်းပစ်ခတ်တာလို့ပြောရမယ်။ ဝါဇီကိစ္စမကျေနပ်တာလည်းပါမယ်။ လက်ရှိဆိပ်ဖြူ အနောက်ခြမ်းမှာစကစစစ်ကြောင်းလည်းရှိတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။ 

ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်မှာတော့ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီး (ဟောင်ဝစ်ဇာ) ထိမှန်သေဆုံးသူတွေကို ​သဂြိုလ်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးက စစ်အုပ်စု၏ လပခ ကို ရှော့တိုက်ဒုံးတွေနဲ့ BWM အဖွဲ့ ပစ်ခတ်တိုက်ခိုက်…

“ပစ်လိုက်တဲ့ ၂ လုံးစလုံးက လပခအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ထိခိုက်မှုကတော့ အသင့်တင့်ရှိနိုင်ပါတယ်၊ မင်းအောင်လှိုင်ကိုတော့ အချိန်မှီ ခြိမ်းခြောက်နိုင်ခဲ့တာပေါ့” လို့ BWM အဖွဲ့က တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ဆင်ရေးဖော်ဆောင်လျက်ရှိတဲ့ မင်းတပ်နဲ့ ဖလမ်းမှာ Chinland Council တပ်ဖွဲ့တွေ အနှောက်အယှက်မပေးဖို့ ချင်းညီနောင်တို့ တောင်းဆို

ချင်ညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မင်းတပ်နဲ့ ဖလမ်းတို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကနေ စတင်ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ချင်းပြည်နယ်အတွင်း စစ်တပ်ကင်းစင်ရေးဖော်ဆောင်ရာမှာ Chinland Council တပ်ဖွဲ့တွေအနေနဲ့ အနှောက်အယှက်မပြုဖို့ကို ချင်းညီနောင်တို့မှ သဘောထားချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

အမ်းကို စစ်ကူသွားမယ့် စစ်ကောင်စီတပ် လမ်းမှာတင် ၁၄ ယောက် သေ၊ အများအပြား ဒဏ်ရာရခဲ့

ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကူသွားမယ့် အကြမ်းဖက်ရှေ့ပြေးယာဉ်တန်းကို အမ်း-ပဒါန်းလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၄ယောက်သေပြီး ဗိုလ်အဆင့်ရှိသူအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တွံတေး ပကဖ နှင့် Delta Phoenix Column စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) က မအူပင်ခရိုင်အမှတ် (၁)တပ်ရင်း၊ Delta Phoenix Column နဲ့အတူ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ဒီနေ့ မေလ ၁၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။