အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ်(၉၀၁) တပ်ရင်းက စစ်အာဏာရှင်စနစ် တိုက်ဖျက်ချေမှုန်းရေးအတွက် တပ်သားအသစ်တွေကို စိစစ် လက်ခံခေါ်ယူနေတယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဝင်ရောက်လျှောက်ထားချင်တဲ့ တပ်သားအသစ်တွေ အနေနဲ့ အသက် (၁၈) နှစ်ကနေ (၄၀) နှစ်အတွင်း ကျန်းမာရေးကောင်းမွန်ပြီး စိတ်ဓာတ်ကြံ့ခိုင်ပြီး အခြေခံစစ်ပညာသင်တန်း၊ အထူးစစ်ဆင်ရေး သင်တန်းနဲ့ လိုအပ်ရင် မွန်းမံသင်တန်းတွေကိုပါ ပြီးဆုံးအောင်မြင်တဲ့အထိ တက်ရောက်နိုင်ရမယ်လို့ ဆိုပါတယ်။

သင်တန်းပြီးဆုံးရင်လည်း တပ်ရင်းက ပေးအပ်တဲ့ တာဝန်နဲ့ စုဖွဲ့မှုအတိုင်း တပ်ရင်းနဲ့အတူ တော်လှန်ရေးကာလပြီးတဲ့အချိန်အထိ တာဝန်ထမ်းဆောင်နိုင်ရမှာ ဖြစ်သလို ပညာအရည်အချင်းနဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး တိုက်ခိုက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း၊ ရုံးလုပ်ငန်းနဲ့ ဆေးအဖွဲ့တွေအတွက် စိစစ်တာဝန် ပေးအပ်သွားမယ်လို့ နေပြည်တော် PDF က ဆိုပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ အနာဂါဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးမှာ နိုင်ငံသူ၊ နိုင်ငံသား အားလုံးရဲ့ အဓိကတာဝန် ဖြစ်တာကြောင့် နေပြည်တော် PDF အမှတ်(၉၀၁) တပ်ရင်း နဲ့အတူ တိုက်ပွဲဝင်ချင်သူတိုင်းကို ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံကြိုဆိုနေတယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ကြေညာထားပါတယ်။

နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ်(၉၀၁) တပ်ရင်း ၏ တပ်သားသစ်ခေါ်ယူကြောင်း ကြေညာချက်
0 Shares:
You May Also Like
Read More

“ငါ့အကြောင်း မသိဘူးထင်တယ် သိစေရမယ်ကွ” ဆိုပြီး PDF တွေကို ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံလိုက်ရကြောင်း သိရပါတယ်။
Read More

တနင်္သာရီမှာ ကျေးရွာအတွင်း ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင် ၂ ဦး စစ်ကောင်စီလက်နက်​ကြီး ထိမှန်သေဆုံး…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း ရိက္ခာတွေ ပြန်လည်သယ်ယူတဲ့ စစ်ဘေးရှောင်အရပ်သား ၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ငလျင်အတွက် နိုင်ငံပေါင်း ၂၀ မှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၀၀ကျော် မြန်မာနိုင်ငံကို ရောက်ရှိနေ ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ယောက် ရောက်ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်တွင် စစ်တပ်ကင်းပုန်းများကို ဒရုန်းဖြင့်တိုက်ခိုက်ရာ သေဆုံးမှု ရှိနိုင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာလမ်းဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကင်းပုန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း တိုက်ပွဲမှာ Earthqauke People’s Defence Force တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Earthqauke People's Defence Force က အားထားရတဲ့ တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့ရကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါင်းတည်မြို့နယ်တွင် စစ်အုပ်စုက နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ရွာသား ၂၀ ခန့်ကို ဖမ်းဆီးသွား

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာမှာ အကြမ်းဖက်စစ်အုပ်စုက လူနေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့တဲ့အပြင် အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။