မနေ့က ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းလောက်မှာ ကြေးနီတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းနဲ့အတူ လုံခြုံရေး လိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက မောင်းကို အတည်ပြုပြောဆိုပါတယ်။

မုံရွာမြို့ကနေ စတင်ထွက်လာတဲ့ သတင်းရရှိပြီးတဲ့ နောက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ အသင့် ပြင်ဆင်ထားတဲ့ မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်သားတွေ လိုက်ပါလာတဲ့ ကား ၄ စီးဟာ မိုင်းဆွဲတိုက်ခိုက်ခံရချိန်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ လျှပ်စီးတပ်ခွဲ)

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ကားတစ်စီး မိုင်းထိ ရပ်တန့်သွားပြီး ကားပေါ်ပါသူတချို့ ထိခိုက်သေဆုံးနိုင်ပေမယ့် အတိအကျကို ဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲနဲ့အတူ Nway Oo Brothers စစ်ကြောင်း၊ Eleven People Defense Force၊ ဗိုလ်နိုင် လေပွေ မုန်တိုင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့ (မုံရွာခရိုင်တပ်ရင်း ၁၅၊ တပ်ခွဲ -၃) ၊ Royal Tiger Force (ဆားလင်းကြီး) တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီ… (ဓာတ်ပုံသတင်း)

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ၊ နိုင်ငံရေးဌာန ရဲဘော်တွေက ဒီဇင်ဘာ ၂၅ ရက်က သွားရောက်ပြီး ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဦး PDF အတွက် လိုအပ်နေတဲ့ ကျည်ကာ၀တ်စုံတွေ ထောက်ပံ့ပေးအပ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ၃ နှစ်ပြည့် ဆွမ်းကျွေးအမျှဝေအလှူ… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက်၊ ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံး ရဲ‌‌‌ဘော် ၂ ယောက်ရဲ့ (၃) နှစ်ပြည့် ဆွမ်းကျွေး အမျှပေးဝေအလှူ ပြုလုပ်ခဲ့တယ်လို့ Khut Daung Company Saw PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တပ်သားသစ်တွေ ထွက်ပြေးလို့ လိုက်ရှာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ တပ်သားသစ် ၃ ယောက် ထွက်ပြေးတာကို လိုက်ရှာစဉ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ရုပ်ပွားတော်တွေ ဦးခေါင်းတော်ဖြတ်တဲ့ လုပ်ရပ်ဟာ ဘာသာရေးနဲ့ ပဋိပက္ခ ဖြစ်အောင် လှုံ့ဆော်ခြင်းဟုဆို

ကရင်နီပြည်က ရုပ်ပွားတော်တွေရဲ့ ဦးခေါင်းတော်ဖြတ်တဲ့ ဖြစ်စဉ်က ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်တဲ့ လုပ်ရပ်သာဖြစ်ကြောင်း မိုးဗြဲ People Defense Force က ဒီနေ့ အောက်တိုဘာ ၃ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးဆီမီးသပိတ် လေကြောင်းတိုက်ခိုက်မှုအတွင်း ရရှိဒဏ်ရာဖြင့် ကျဆုံးခဲ့သည့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ (၃) တာဝန်ခံ၏ ဈာပနအခမ်းအနား…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ် တစ်နေရာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြင်းထန်ဒဏ်ရာရရှိကာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) စစ်ဒေသ (၃) တာဝန်ခံရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။