ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ထဲမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ကောင်စီက ရခိုင်ဒေသကို သွားရောက် ဗုံးကြဲနေကြောင်း ခလရ ၃၆ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့က ဧရာဝတီ-ရခိုင် နယ်စပ် ၁၈ မိုင်မှာ ရခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဇန်နဝါရီ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာ အဲဒီတိုက်ပွဲကို စက်တပ်လေထီးတွေနဲ့ သွားရောက်ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

“မနက်က စက်တပ်လေထီး ၂စီး ပျံတက်သွားတယ်၊ ကျုံပျော်မြို့ရဲ့အနောက်ဘက် ဗုံးသွားကြဲတယ်လို့ကြားတယ်၊ အတော်လေးကြာတယ်၊ နေ့ခင်း ၁၂ နာရီ ၄၀ မိနစ်လောက်မှ တပ်ထဲ ပြန်ဝင်လာတယ်၊ အခုက လေ့ကျင့်ပျံသန်းတာ မဟုတ်တော့ဘူး၊ တိုက်ပွဲဖြစ်တဲ့နေရာကို ဗုံးသွားကြဲတာ” လို့ ခလရ ၃၆ စစ်တပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

“အခုဆိုရင် တပ်ထဲမှာ အုတ်သဲကျောက်တင်တဲ့ ကားအကြီးတွေ ရောက်နေတယ်၊ ရှေ့တန်းကအကြမ်းဖက်တပ်တွေကို ရိက္ခာပို့ပေးဖို့ ကားတွေ ခေါ်ယူထားတာ၊ ဒီရက်ထဲ ရခိုင်​နဲ့ဧရာဝတီအစပ်မှာရှိတဲ့ စစ်သားတွေကို ရိက္ခာပို့ဖို့ရှိတယ်” လို့ သူကဆက်ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အခုအခါ စစ်ဆင်ရေးတွေမှာ လေယာဉ်ဗုံးကြဲတာအပြင် စက်တပ်လေထီးတွေကို ပိုမိုအသုံးပြုကာ ကင်းထောက်တာတွေ၊ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ဆည်မြို့အနီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့လယ်မှာ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် “အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်” စာသား ချိတ်ဆွဲ (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့လယ်ခေါင်မှာ မတ်လ ၂၇ ရက် ဒီနေ့မှာ ကျရောက်တဲ့ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် "အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်" ဆို စာသားပါ ဗီနိုင်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Youth of Anarchy - YOA ဆီက သိရပါတယ်။
Read More

နတ်မောက်တွင် ရွာထဲဝင် တပ်စွဲပြီး နေအိမ်များကို မီးရှို့ဖိုလုပ်သည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။
Read More

အညာဒေသမှာ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်… (ဓာတ်ပုံသတင်း)

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF နဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီက တော်လှန်ရဲဘော်တွေ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်နဲ့ လက်နက်ကြီးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ကာကွယ်ဖို့၊ ဗုံးခိုကျင်းတွေ စနစ်တကျတူးဖို့နဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို စိုးမိုးနယ်မြေရှိ စစ်ရှောင်ပြည်သူတွေနဲ့အတူ အသိပညာပေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ ကြိမ်မြောက် ရှော့တိုက်ဒုံးပစ်ခတ်မှုမှာ ၄ လုံး အောင်မြင်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိနိုင်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို Mission 22 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၄လုံးအောင်မြင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေရောင်းချသူတွေ လုပ်ငန်းလိုင်စင် အမြန်ဆုံးလျှောက်ထားဖို့ စစ်ကောင်စီ ဖိအားပေးနေ

ရွှေရောင်းချသူတွေ လုပ်ငန်းလိုင်စင် အမြန်ဆုံး မလျှောက်ထားရင် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဖိအားပေးပြောကြားမှုကို ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။