စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံတွေကို NUG အစိုးရအဖွဲ့ဝင်တချို့နဲ့ တော်လှန်ရေးအင်အားစုတွေက စကားဝိုင်းပြုလုပ်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံတွေကို မေးမြန်းဆွေးနွေးမယ့် နွေဦးတော်လှန်ရေးစကားဝိုင်းကို ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၁ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီပွဲမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ် ၊ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဥက္ကဋ္ဌ ခွန်ဘီထူးတို့ က အဓိက ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။  

ဒီစကားဝိုင်းအတွင်း ဥရောပရောက်မှာ ရောက်ရှိနေတဲ့ တော်လှန်ရေး ထောက်ပို့မိသားစုဝင်တွေက Zoom Online Platform ကနေ ပါဝင်ဆွေးနွေးမေးမြန်းမှုတွေလည်း ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်တွေဟာ ဘာသာရေးကို အသုံးချပြီး အာဏာသက်ဆိုးရှည်အောင်လုပ်ဆောင်နေတယ်လို့ ဒေါ်ဇင်မာအောင်က ပြော

မြန်မာပြည်က အာဏာသိမ်းစစ်တပ် အပါအဝင် စစ်အာဏာရှင်တွေဟာ ဘာသာရေးကို အသုံးချပြီး ၎င်းတို့ရဲ့ အာဏာသက်ဆိုးရှည်အောင်လုပ်ဆောင်လျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း နိုင်ငံက အဆိုးဘက်ကနေ အကောင်းဘက်ကို ဦးတည်နေသည်ဟု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ဝါဒဖြန့်

စစ်တပ်ကတာဝန်ယူထားတဲ့  ၄နှစ်တာအတွင်း တိုင်းပြည်ဟာ အဆိုးဘက်ကနေအကောင်းဘက်ကိုပြောင်းလာတာကြောင့် ပြည်သူကအကဲခတ်နိုင်ပြီလို့ အာဏာသိမ်း စစ်တပ်က အငြိမ်းစားရယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။
Read More

မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ PDF ရဲဘော် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြောင့် ပြည်သူတွေ လုံခြုံမှုမရှိတော့ဘူးလို့ မင်းအောင်လှိုင် ပြော

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေ ကြောင့် ပြည်သူတွေဟာ လုံခြုံမှုနဲ့ တည်ငြိမ်မှု လုံး၀မရှိတော့ဘူးလို့ ပြောကြားလိုက်ပါတယ်။
Read More

TNLA ရဲ့ သီပေါမြို့အဝင်မုခ်ဦး ပြုပြင်ပြောင်းလဲမှုအပေါ် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC အပြင်းအထန် ကန့်ကွက်

ရှမ်းပြည်နယ်၊ သီပေါမြို့အဝင် မုခ်ဦးက ရှမ်းပြည်ကိုယ်စားပြု အမှတ်သရုပ်ကို တအာင်းတပ် (TNLA) က ပလောင်လူမျိုးအမှတ်သရုပ် ပြောင်းလဲလိုက်တဲ့အပေါ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) က ထုတ်ပြန်လာပါတယ်။ 
Read More

မြန်မာနှစ်ဆန်း (၁)ရက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့နယ်ရှိ ကဆုတ်ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁)ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။