ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က အပျော်အပါးတွေနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်းလျက်ရှိတယ်လို့ သိရပါတယ်။
ဖမ်းဆီးထားတဲ့ လူငယ်တွေကို အရက်နဲ့ မူးယစ်ဆေးကို အသုံးပြုခွင့်ပေးထားပြီး လောင်းကစားတွေကိုလည်း တရားဝင်ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အုတ်ဖို၊ မင်းလှ၊ နတ်တလင်းဘက်တွေမှာ အလားတူကိစ္စတွေကို ခွင့်ပြုပေးထားပြီး လူငယ်တွေကို အပျော်အပါးနဲ့ ဆွဲဆောင်ကာ စစ်မှုထမ်းစေခိုင်းလျက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် (၁၉) အထိရောက်နေပြီး အပတ်စဉ် (၁) တစ်ခုကို လူ ၅၀၀၀ နှုန်း ခေါ်ယူမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ လူဦးရေ ၄၅၀၀၀ အထိ ခေါ်ယူထားပြီးပြီလို့ နားလည်ရပါတယ်။
0 Shares:
You May Also Like
Read More

စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ဖြင့် ဝင်ရောက်လာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အယောက် ၃၀ နီးပါး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ခန့်နဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အမျာအပြားသေခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် ကသာခရိုင်အမှတ် ၂ တပ်ရင်း ရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာကြတဲ့ ကသာခရိုင်အမှတ် ၂ တပ်ရင်းရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ပြည်နယ်ပုံရိပ် ကျဆင်းစေတဲ့ KTV ဖွင့်တာ၊ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာတွေ မလုပ်ကြဖို့ ရှေ့တန်းရောက် KNDF ရဲဘော်တွေ တောင်းဆို (ရုပ်/သံ)

ပြည်နယ်ပုံရိပ်ကို ကျဆင်းစေတဲ့ KTV ဖွင့်တာ၊  မူးယစ်ဆေးရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာ တွေ မပြုလုပ်ကြဖို့ ရှေ့တန်းရောက် KNDF B-06 ရဲဘော်တွေက အခုလိုပဲ တောင်းဆိုလိုက်ပါတယ်။
Read More

တူရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေ၊ PDF ရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ PDF ရဲဘော် ၁ ယောက် ကျ ဆုံးခဲ့တယ်လို့ Wolf Guerrilla Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချကာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦးသေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချကာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ချီဗွေမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ် ချီမွေမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတွေက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စက်တင်ဘာ ၂၉ ရက်က ချီဗွေမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါ တယ်။