စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ကျောင်းသင်ခန်းစာတွေမှာပါ ထည့်သွင်း သင်ကြားသွားမယ့်အပြင် စစ်မှုထမ်းဖို့ အသက်ပြည့်မှီနေသူတွေ အားလုံးကို ပြည်ပထွက်ခွင့် မပြုတော့ဘူးလို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ ထည့်သွင်းဖော်ပြလာပါတယ်။
စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အသက် ၁၈နှစ်ကနေ အသက် ၃၅ နှစ်အတွင်း မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသား နိုင်သားအားလုံး စစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့ ဥပဒေကို ပြဌာန်းအသက်သွင်းခဲ့တာပါ။
လက်ရှိမှာတော့ စစ်ကောင်စီက စစ်မှုထမ်းနည်းဥပဒေ ထပ်မံပြဌာန်းကာ ပိုမိုတင်းကျပ်လိုက်တာဖြစ်ပြီး စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီနေတဲ့ ကျန်းမာပြီး အသက်ပြည့်တဲ့ လူငယ်တွေ အားလုံးကို နိုင်ငံရပ်ခြားထွက်ခွါခွင့် တရားဝင်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
စစ်မှုထမ်း ဆင့်ခေါ်ခံရတဲ့ လူငယ်တွေဟာ စစ်မှုထမ်းဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွင့် မရှိတော့သလို စစ်မှုထမ်းကင်းလွတ်ခွင့်လျှောက်ထားသူတွေ၊ စစ်မှုထမ်းကာလ အပိုင်းအခြားကို လျှော့ပေါ့ပေးဖို့နဲ့ ကာလအပိုင်းအခြားတစ်ခုအထိ ရွှေ့ဆိုင်းဖို့ လျှောက်ထားသူတွေလည်း ခွင့်ပြုချက်မရမချင်း ပြည်ပထွက်ခွာခွင့် ပိတ်ပင်ကြောင်းကို စစ်မှုထမ်းနည်းဥပဒေမှာ ပြဌာန်းဖော်ပြလာပါတယ်။
အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ်တွေအနေနဲ့ စစ်မှုထမ်းဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်း တိမ်းရှောင်ဖို့ ကြံစည်ရင် ထောင်ဒဏ် ၅ နှစ်​ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းဖို့ ပျက်ကွက်သူနဲ့တိမ်းရှောင်ဖို့ ကူညီသူကို ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်းလည်း စစ်ကောင်စီရဲ့ နည်းဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီက နိုင်ငံတကာစစ်မှုထမ်းဥပဒေနဲ့ သူတို့ရဲ့ စစ်မှုထမ်းဆိုင်ရာ ဥပဒေတွေကို ပြည်သူလူထူတွေ သိရှိနားလည်ဖို့ဆိုပြီး အခြေခံပညာကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းတွေမှာပါ စစ်မှုထမ်းဥပဒေအကြောင်းကို ဘာသာရပ်တခုအနေနဲ့ ထည့်သွင်းသင်ကြားဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ငလျင်ကြောင့် ကျိုက်ထော်ကျေးရွာ ဆုတောင်းပြည့်စေတီ စိန်ဖူးတော် မြေခ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်စေတီရဲ့ စိန်ဖူးတော်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ကျိူးကျပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

နိုင်ငံတော်ပုန်ကန်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ဒေါက်တာအေးမောင်ကို ရွေးကောက်ပွဲဝင်နိုင်ရန် စစ်ကော်မရှင် လွတ်ငြိမ်းခွင့်ပေး 

ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေအားလုံးကနေ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မိုင်းလုံမြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀)ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄) လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတလည် အထက်တန်းကျောင်းရှေ့ အကြမ်းဖက်ဂိတ်စခန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ အထက်တန်းကျောင်းရှေ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၂ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း PPDF က သတင်းထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ၊ ရှင်မကန်ရွာရှိ စစ်အုပ်စုကို တော်လှန်ရေးတပ်များ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရှိရာ ရှင်မကန်ရွာကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုတွေရှိကြောင်း Cobra One တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့မှ စစ်ရှောင်ပြည်သူများကို ဗန်းမောက် ပကဖ ကူညီစောင့်ရှောက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမြောက်မြို့အတွင်း စစ်ပွဲကြောင့် စစ်ရှောင်လာတဲ့ ပြည်သူတွေကို ဗန်းမောက်မြို့နယ် ပကဖ တပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ ဆေးကုသပေးပြီး ကူညီစောင့်ရှောက်ထားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။