ကရင်အမျိုးသားအစည်းအရုံး – KNU နယ်မြေမှာ ၂၀၂၄ ခုနှစ်တစ်နှစ်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ယောက် သေဆုံးခဲ့ပြီး (၂၂၂၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
KNU အုပ်ချုပ်နယ်မြေတွေအတွင်း ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ရဲ့ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဆီက အရာရှိ၊ အရာခံတွေအပါအဝင် တပ်သား (၃၁၃၆) ယောက် ထက်မနည်း သေဆုံးခဲ့ပြီး (၂၂၂၅) ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ရတဲ့အပြင် ရာနဲ့ချီတဲ့ ဗျူဟာမှူး အဆင့် အောက်ခြေတပ်သားအဆင့်တို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် အယောက် (၁၀၀) ခန့်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး (၃၂၅) ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်ကို စစ်ကောင်စီက သတ်မှတ်ကြေညာ

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ဒဏ်ကြောင့် သေဆုံး ပျက်စီးဆုံးရှုံးရမှုတွေအတွက် ၂၀၂၅ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့ရက်များအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။ 
Read More

မောင်တောမှာ AA မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။
Read More

ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး သေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကံသုံးဆင့်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ယောက် သေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်တွင် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၉ ဦး သေပြီး ၁၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှု များခဲ့ကြောင်း ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် (၄၇) ထံက သိရပါတယ်။
Read More

ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့သည့် MDY-PDF ၏ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် - ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။