စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့တော်ခန်းမမှာ တာဝန်ကျရင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားကို မုံရွာ ပကဖ ဆီ လွှဲပြောင်းအပ်နှံလိုက်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂၂) တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ (၂၁) ရက်နေ့က အလင်းဝင်ရောက်လာတဲ့ အသက် (၃၃)နှစ်အရွယ် ကိုပြည့်ဖြိုးအောင်ကို မုံရွာခရိုင်အမှတ် (၂၂) တပ်ဖွဲ့ဝင်တွေက မုံရွာမြို့အတွင်း သွားရောက်ခေါ်ထုတ်ခဲ့ရတာလို့ သိရပါတယ်။

ကိုပြည့်ဖြိုးအောင်ဟာ ရန်ကုန်မြို့မှာနေထိုင်စဥ်စစ်မှုထမ်းအပတ်စဥ် (၅)အတွက် ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာခဲ့တယ်လို့ ကိုနတ်ဆိုးက ပြောပါတယ်။

“သူ့အိမ်ကို အုပ်ချုပ်ရေးမှူးက လူနာစောင့်ရမှာဆိုပြီးလာခေါ်တာတဲ့။ ဟိုရောက်တော့ သူ့ကိုရဲ ၂ယောက်ကလာခေါ်သွားတယ်။ ပြီးတော့ စစ်မှုထမ်းရမှာဆိုပြီး ဂျိုးဖြူ တန်းမြှင့်အမှတ် ၁ သင်တန်းကျောင်းပို့လိုက်တယ်။ အဲ့မှာ ၃ လ သင်တန်းတက်ရတယ်။ အဲဒီကနေ သင်တန်းဆင်းတော့ စစ်ကိုင်းတပ်မ ၃၃ တစ်ပတ်နေရသေးတယ်ပြောတယ်။ နောက်မှ မုံရွာရောက်လာတာ။ တစ်လကျော်လောက်ရှိပြီပြောတယ်။” လို့ မုံရွာခရိုင် တပ်ရင်း (၂၂) တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ အသက် (၃၃)နှစ်အရွယ် ကိုပြည့်ဖြိုးအောင်

အလင်းဝင်ရောက်လာသူကို ကျွေးမွေးထိန်းသိမ်းထားပြီးတဲ့နောက် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ထံ လွှဲပြောင်းအပ်နှံလိုက်တယ်လို့လည်း သိရပါတယ်။

” ကျနော်တို့ပေ့ကို လှမ်းဆက်သွယ်လာတာပါ အဲဒီကနေမှ ဖုန်းဆက်တာပေါ့။ အဲ့ဒါ သူ့ကို မြို့ထဲထိသွားခေါ်ရတာဆိုတော့ သတိအများကြီးထားရတယ်။ လက်နက်က ကင်းချိန်မှပေးတာ ကင်းပြီးရင် ပြန်သိမ်းတယ်​ပြောတယ်။ အဲ့ဒါကြောင့် လူပဲလွတ်အောင်ပြေးခဲ့ရတာတဲ့။ ပြောသေးတယ်။ သူတို့ထဲမှာ ပြေးချင်တဲ့သူတွေ အများကြီးရှိတယ်ပေါ့နော်။ အချိတ်အဆက်လုပ်မရလို့ ပြောတယ်” လို့ မုံရွာခရိုင် တပ်ရင်း (၂၂) တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းကိုပြောပါတယ်။

သူကပဲဆက်လက်ပြီး “စစ်ကောင်စီလက်အောက်မှာ အသေမခံဘဲ အမြန်ဆုံး ပြည်သူ့ရင်ခွင်ကို ခိုလှုံကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျနော်တို့တပ်ရင်းထံလည်း ဆက်သွယ်နိုင်သလို နီးစပ်ရာ PDF တွေဆီကိုလည်းဆက်သွယ်နိုင်ပါတယ်လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်နက်ရရှိရေး ဘဏ်တွေ ငွေလွှဲပေးထားတဲ့ အထောက်အထားမတွေ့ဘူး ဟု ထိုင်းငြင်းဆို

ထိုင်းဘဏ်တချို့ဟာ စစ်ကောင်စီလက်နက်ရရှိရေးအတွက် ငွေကြေးလွှဲပြောင်းမှု အကူအညီတွေ ပေးနေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစီရင်ခံစာကို အထောက်အပံ့ဖြစ်စေမယ့် အထောက်အထား တစုံတရာ မတွေ့ရှိသေးကြောင်း ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အေဂျင်စီတို့က ဒီဇင်ဘာ ၃၀ ရက် တနင်္လာနေ့မှာ ပြောပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာကျင်းပခဲ့တဲ့ နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်

သင်္ကြန်ပွဲကိုပျော်ရွှင်စွာကျင်းပခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အစိုးရဝန်ထမ်းတွေတည်ရှိရာ နေပြည်တော်ကို ဗဟိုပြုကာ သင်္ကြန်အကျနေ့ မနက်အစောပိုင်းမှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။
Read More

မိုးမိတ်မြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် (၁) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူလူထု နေအိမ် (၁) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၃ဦးကို လက်နက်ခဲယမ်းများနှင့်အတူ CDF-Asho အရှင်မိ

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (ပြည်သူ့စစ်) ၃ယောက်ကို ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အောင်လံမြို့ပေါ် ရပ်ကွက်တချို့တွင် ရွေးကောက်ပွဲအတု ထောက်ခံကြောင်းပြသရန် စစ်အုပ်စု အလံများလွှင့်တင်ခိုင်းထား

မကွေးတိုင်း၊ အောင်လံမြို့ပေါ် ရပ်ကွက်တချို့မှာ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲအတုကို ထောက်ခံတဲ့သဘောနဲ့ အိမ်တိုင်း မဖြစ်မနေ အလံလွှင့်တင်ထားရမယ်ဆိုပြီး အရပ်သားတွေကို ခြိမ်းခြောက်ပြောဆိုထားကြောင်း အောင်လံလူထုအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အထူးတိုင်းစစ်ဌာနမှ ပကဖ စစ်ကြောင်း ၃ ခုအား လက်နက်တပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနဟာ တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုကို ခံယူကာ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းတို့ကို ဒီနေ့မှာ လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။