စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရဲစခန်းဆီ ဇန်နဝါရီ ၂၂ ရက်က လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပုဂံညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖထံက သိရပါတယ်။

ဒီပဲယင်းရဲစခန်းမှာ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပြတ်လပ်နေတာကို တော်လှန်ရေးတပ်တွေ ကြိုတင်သိရှိထားပြီး လေကြောင်းကနေ ချပေးချိန် ကင်းပုန်းဝပ်စောင့်ဆိုင်းကာ  YAN GYI AUN (ပုဂံညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ)၊ အဖြူရောင် (ပကဖ)နဲ့ A2k အဖွဲ့တွေက သိမ်းယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

MRTV အသံလွှင့်တာဝါတိုင်ကုန်းကို သိမ်းပိုက်စဉ် စစ်ကူလာသည့် စစ်ယာဉ်တန်းအား မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာအရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်း (ဗောဓိ တစ်ထောင်)စခန်းကို ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ် ဂျန်ဘာယာဉ် ၆ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့နယ် ‌မြောင်းခြားရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်အပါ ၇ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြောင်းခြားရွာကို အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီဇင်ဘာ ၂၂ ရက်မှာ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ် သရက်ကန်ရွာအနီး ကင်းပတ်လာတဲ့ ပျူစောထီး တိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ သရက်ကန်ပျူစောထီးရွာအနီး ကင်းပတ်လာတဲ့ ပျူစောထီးတိုက်ခိုက်ခံရကာ သေဆုံးခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား ပါတယ်။
Read More

ရန်သူကို စည်းလုံးမှုနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ‘Mufasa: The Lion King’ ဇာတ်ကားမှ ဇာတ်ကားဝင်တစ်ခုကို KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော်လူမှုကွန်ရက်မှာ မျှဝေ (ရုပ်/သံ)

တရုတ်နိုင်ငံဖိအားနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးဖိအားများ ပြင်းထန်လာချိန်မှာ KIO/KIA ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ရန်သူကို စည်းလုံးမှုနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ 'Mufasa: The Lion King' ကာ တွန်းဇာတ်ဝင်ခန်းတစ်ခုကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ဖားကန့်မြို့ နမ့်မှော်ရွာမှာ နွံကန်ပေါက်ကျပြီး လူနေအိမ်များ နစ်မြုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ နမ့်မှော်ရွာအနီးမှာ မတ်လ ၂၁ ရက် ဒီနေ့ မနက်ပိုင်းက နွံကန်ပေါက်မှု ဖြစ်ပွားပြီး ကျေးရွာအတွင်း စီးဝင်ကာ လူနေအိမ်တွေ နစ်မြုပ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပုလောမြို့နယ် မိမ္မမြို့ကျေးရွာအား စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ယောက် ထိခိုက်သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စု မိမ္မမြို့ကျေးရွာအနီး စစ်ကောင်စီတပ် လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။