မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

ရေးမြို့နယ်၊ ခေါဇာမြို့ ခလရ – ၃၁ က ထုတ်နုတ်အင်အားတွေနဲ့ ကျုံညာန်းရွာနဲ့ မီးတိုင်တက်ရွာကြားမှာ ဂိတ်ထိုင်နေတဲ့ စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၂၃ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၃၃ ဒေါနတပ်ရင်း၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊  မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) တို့ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူမြိုနယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၁၉ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းရှိ NUG စိုးမိုး‌ကျေးရွာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုး‌ကျေးရွာတွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်က ခလရ (၂၃၆)ကို KIA တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများပါ ရရှိ

ဗန်းမော်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၂၃၆) တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေပါ ရရှိခဲ့ကြောင်း KIA ရဲ့ သတင်းပြန်ကြားရေးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် မဟာမြတ်မုနိဘုရား အဆောက်အအုံ အပါအဝင် သမိုင်းဝင် မယ်နုအုတ်ကျောင်း၊ ရွှေစာရံစေတီတို့လည်း ပြိုကျပျက်စီးခဲ့

မတ်လ ၂၈ရက် ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းအတွင်းမှာ မန္တလေး မဟာမြတ်မုနိဘုရားကြီးရှိရာ အဆောက်အအုံ အပါအဝင် သမိုင်းဝင် အင်းဝမယ်နုအုတ်ကျောင်း၊ ပုထိုးတော်ကြီးနဲ့ ရွှေစာရံစေတီတော်တို့ ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။
Read More

မိုးညိုမှာ စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီးနေ၊ လူငယ် ၃၀ နီးပါး ဖမ်းခံထားရ

ပဲခူးတိုင်း၊ မိုးညိုမြို့မှာ စစ်ကောင်စီက လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး လူငယ် ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ခမရ ၁၅ တပ်ရင်း၏ စစ်ဆေးရေးဂိတ်ကို MBT နှင့် ပူးပေါင်းတပ်များ ပြောက်ကျားဝင်ပစ်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံ၊ ခမရ -၁၅ စစ်ဆေးရေးဂိတ်ကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။