တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ပစ်ခတ်ရာ ၁ ယောက် သေဆုံးသွားတယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၄ ရက် ဒီနေ့မှာ ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းအနီး စစ်ဆေးရေး အကြောင်းပြကာ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးတွေ အရှိန်မြင့်တက်လာတာကြောင့် ပြည်သူတွေ စစ်ရေး အသိသတိ ရှိရှိ သွားလာနေထိုင်ဖို့ ဒူရကစစ်ကြောင်းက ဆိုထားပါတယ်။

တော်လှန်ရေးနဲ့ စစ်ရေးအရှိန် မြင့်တက်လာတာနဲ့အမျှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံကြဖို့လည်း ဒူရကစစ်ကြောင်းက တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရ

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ကျောက်လုံးကြီးစခန်းရှေ့က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးပြီး ၃‌ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Thandaung (တောင်ငူခရိုင်၊ တပ်မဟာ(၂) တပ်ရင်း(၅) လက်အောက်ခံ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အဖြေလွှာများ ပျက်စီးမှုအတွက် စာမေးပွဲ ပြန်ဖြေခိုင်းမည့် စစ်ကောင်စီ၏ အစီအစဉ်အပေါ် ဝေဖန်မှုများ မြင့်တက်နေ

ငလျင်ဒဏ်အကြား မီးလောင်ပျက်စီးခဲ့တဲ့ အဖြေလွှာတွေအတွက် ကျောင်းသားကျောင်းသူတွေကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းတာဟာ လုံးဝမဖြစ်သင့်ဘူးလို့ ပညာရေး CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားမိဘတွေက စစ်ကောင်စီကို ပြောဆိုဝေဖန်နေ​ကြပါတယ်။
Read More

ပင်လည်ဘူး တိုက်ပွဲကနေ ပြန်လာတဲ့ ယင်းမာပင်ခိုင် တပ်ရင်း ၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ဆင်နွှဲပြီး ပြန်လာကြတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ က တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

သေနတ် ၂ လက်နဲ့ အလင်းဝင်လာတဲ့ စစ်သားကို ငွေကျပ်သိန်း ၁၀၀၊ Redmi Note 13 Pro ဖုန်းတစ်လုံး ဆုချီးမြှင့်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်ကောင်စီရဲ့ ခလရ (၂၅၂) မှာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက်ဟာ သေနတ် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်အတွက် NUG Public affairs hotline ကနေ ဝန်ဆောင်မှုပေးနေဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ က NUG public affairs hotline နဲ့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ မနေ့က ဧပြီ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုခရိုင် PDF တပ်ရင်း ၄ မှ စိုးမိုးနယ်မြေရှိ ဒေသခံများကို လေကြောင်းအန္တရာယ် အသိပညာပေးပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း (၄)က အကြမ်း ဖက်စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် နဲ့ ပတ်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန်တွေ အသိပညာပေးဟောပြောခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။