မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့ရုံဟောင်းနဲ့ လူနေအိမ် (၁)လုံး ထိခိုက်ပျက်စီးကာ အရပ်သား (၂) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ (၂၃)ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးနယ်၊ သုံးခွရွာကို ဒရုန်းနဲ့ ဗုံးသီး (၂)လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကားဝပ်ရှော့ဟောင်းအနီး (၁)လုံး၊ ကားဝပ်ရှော့ဟောင်း ခေါင်မိုးပေါ် (၁)လုံး ကျရောက်ပေါက်ကွဲပြီး အမိုးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ နေအိမ်များ (ဓာတ်ပုံ KNU)
လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ နေအိမ်များ (ဓာတ်ပုံ KNU)
လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ နေအိမ်များ (ဓာတ်ပုံ KNU)
လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ နေအိမ်များ (ဓာတ်ပုံ KNU)

ဒါ့အပြင် ဝပ်ရှော့ရုံရဲ့ ဘေးက သုံးခွရွာသားတစ်ယောက် နေအိမ်လည်း ဘေးအကာ အုတ်ပြားတွေ ထိမှန်ပျက်စီးခဲ့ကာ အနီးအနား လမ်းသွားနေတဲ့ ဝင်းကံရွာတဖက်ကမ်းနေ အမျိုးသား ၁ ယောက်ရဲ့ ဦးခေါင်းကို ဗုံးသီးအစ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးသီးချတိုက်ခိုက်ပြီးနောက် ဒရုန်းဟာ အကြမ်းဖက်စစ်ကောင်စီ (အမတ-၂၀၇) နဲ့ (အမတ-၃၁၀) တပ်ရင်းစခန်းတို့ဘက် ဦးတည်ပျံသန်းသွားတယ်လို့ အမည်မဖော်လိုသူဒေသခံတစ်ယောက်က ပြောကြားကြောင်း KNU က ဆိုပါတယ်။

ဇန်နဝါရီလ (၂၃) ရက် ညနေပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ် အမှတ် (၉) ခြေမြန်တပ်ရင်းက သထုံမြို့နယ်၊ ဝီယော်ကျေးနယ်ရှိ ပြည်သူလူထု နေထိုင်ရာ ရပ်ရွာတွေကို လက်နက်ကြီး (၁)လုံး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ ထို့ကော်ကျိုးရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် (၁၃)နှစ်အရွယ် ကလေးရဲ့ ညာဘက်လက်ကို လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုများ (ဓာတ်ပုံ KNU)
လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုများ (ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

အောင်လံတွင် ဒလန်သတင်းပေးမှုနှင့်အတူ PDF တပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရပြီး ၆ဦးသေ၊ လက်နက်ဆုံးအချို့ဆုံးရှုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ တာဝန်ပြီးဆုံးသူတွေကို လိုက်ပို့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်တာခံရပြီး ၆ယောက်သေဆုံးခဲ့တယ်လို့ အောင်လံစစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့က အောင်လံမြို့နယ် မြင့်ဦးကျေးရွာနဲ့ ညောင်ပင်ဆိပ် ကျေးရွာကြားမှာ ရှိတဲ့ စစ်အုပ်စုကင်းပုန်းက ဒလန်သတင်းပေးမှုနဲ့အတူ အဲ့ဒီနေ့ညနေပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရတာပါ။
Read More

ရသေ့တောင်တွင် စစ်တပ် ဂျက်လေယာဥ် ၂စီးဖြင့် ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်လေယာဥ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် AA က မနေ့ညက ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံး၊ ၅၂၂ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ထိန်းသိမ်းရေးစခန်းများမှာ အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၂၃ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝေါ်လေအကြမ်းဖက်စစ်တပ်စခန်းကနေ ဈေးထွက်ဝယ်တဲ့ကား ပစ်ခတ်ခံရပြီး စစ်သား၂ ယောက် သေကာ ၃ ယောက် ဒဏ်ရာရ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝေါ်လေစခန်းကနေ ကျေးရွာအတွင်း ဈေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။