ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းထဲမှာ အကြမ်းဖက်စစ်ကောင်စီက စက်တပ်လေထီး မောင်းနှင်မှု သင်တန်းပို့ချနေတယ်လို့ မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လေယာဉ်ဗုံးကြဲမှုတွေ လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ ဒရုန်းတွေကို အသုံးပြုလာသလို အခုအခါ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲဖို့ လေ့ကျင့်ပျံသန်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ဒီဇင်ဘာလ ပထမအပတ်ကတည်းက လေထီးသင်တန်းတွေ ပေးနေတယ်ဆိုတာ သိရတယ်။ ဒါပေမယ့် လေတပ်စခန်းတွေရဲ့ ပုံမှန်လေ့ကျင့်ပျံသန်းနေတယ်ပဲ ထင်တာ။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ လေထီးပျံသန်းတဲ့အချိန်မှာ စက်သံတွေပါ ကြားနေရလို့ ထွက်ကြည့်လိုက်မှ စက်တပ်ထားပြီး ဗုံးကြဲတဲ့ စက်တပ်လေထီး သင်တန်းတွေ ပေးနေတာ ဖြစ်တယ်” လို့ မှော်ဘီလေတပ်စခန်း အနီးဝန်းကျင်မှာ နေထိုင်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

အလားတူ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ရင်းထဲမှာလည်း ဇန်နဝါရီ ပထမအပတ်ကတည်းက စက်တပ်လေထီး ၆ စီးနဲ့ လေ့ကျင့်ပျံသန်းမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနေ့က မန္တလေးတိုင်း တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ယောက် သေဆုံးခဲ့ပြီး တောင်သာမှာ စက်တပ်လေထီး တိုက်ခိုက်မှုကြောင့် တစ်လနီးပါးအတွင်း ပြည်သူ ၅ယောက်အထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေး ဦးလှသိန်းဗိမာန်အတွင်းမှာ ပိတ်မိနေတဲ့ သံဃာတော် အပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေး တိုးမြှင့်လုပ်ဆောင်နေ

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ ဦးလှသိန်းဗိမာန်အတွင်းက သံဃာအပါး (၁၀၀) ကျော်ကို ရှာဖွေကယ်ဆယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဝက်လက် အရှေ့မြောက်ဘက်ရှိ ထုံးဘိုရွာကို စစ်တပ်မီးဝင်ရှို့၊ မြို့နယ်တစ်ခုလုံး စစ်ကြောင်းတွေလှုပ်နေလို့ အရပ်သားများ ထိတ်လန့်နေကြရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ထုံးဘိုရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မီးရှို့ခဲ့သလို စစ်ကြောင်းတွေဆက်တိုက်ထိုးနေလို့ ဒေသခံတွေ ဘေးဒုက္ခရောက်နေရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

x ဘားအံထောင်တွင် တိုက်ပိတ်ခံရရင်း ညှင်းပန်းရိုက်နှက်မှုကြောင့် နိုင်ကျဥ်း ၁ ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ယောက်ကို ၃လတာ တိုင်ပိတ်ထားပြီးနောက် သူတို့ထဲ နိုင်ငံရေးအကျဉ်းသား ၁ယောက်ဟာ ထောင်ပိုင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

သီပေါရောက် စစ်ရှောင်များကို တအာင်းအမျိုးသမီးအဖွဲ့အစည်း စားနပ်ရိက္ခာ ကူညီထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်က လိုအပ်တဲ့ စားနပ်ရိက္ခာတွေ သွားရောက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများကို လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရန်ကုန်မှာ ဆန္ဒပြ

လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့မှာ ငလျင်ဒဏ်သင့် ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။