ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်းမှာ စစ်ကြောင်းဝင်​ရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တောင်းမြစ်အနောက်ကမ်း၊ နှောပင်ကျေးရွာအတွင်း တပ်စွဲနေတဲ့ အင်အား ၁၅ယောက်ပါအကြမ်းဖက်စစ်သားတွေကို ဇန်နဝါရီလ  ၂၂ရက် မနေ့က ညပိုင်းမှာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နာရီဝက်ကြာ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ တော်ဝင်လျှပ်စီးစစ်ကြောင်း (RTC) က ထုတ်ပြန်ပါတယ်။

အဲ့ဒီနောက် အထိနာသွားတဲ့အကြမ်းဖက်စစ်သားတွေအတွက် စစ်ကူလာရောက်တဲ့ ကျွန်းတောကုန်းကျေးရွာက အင်အား (၂၀)ပါ တပ်သားတွေကိုလည်း တော်ဝင်လျှပ်စီးစစ်ကြောင်း (RTC) တပ်ဖွဲ့ဝင်တွေက  ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို စောင့်ကြိုတိုက်ခိုက်မှုတွေကို ရဲဘော်သမန်းကျား ဦးဆောင်တဲ့ RTC စစ်ကြောင်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၆ယောက် ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရပါတယ်။

တော်ဝင်လျှပ်စီးစစ်ကြောင်း ရဲဘော်များ (ဓာတ်ပုံ RTC)

“ပထမက  နှောပင်ရွာထဲ တပ်စွဲထားတဲ့ စကစတွေကို ကျနော်တို့ တပ်ခွဲ စစ်ကြောင်းက သွားရောက်ပစ်ခတ်တာဖြစ်ပါတယ်။ အဲ့လို ပစ်ခတ်မှုကြောင့် ကျွန်းတောကုန်းရွာဘက်ကနေ စစ်ကူထွက်လာနိုင်ကြောင်း ကြိုတင်တွက်ဆမိတဲ့အတွက် ပွိုင့်တစ်စိပ် ထားခဲ့ရာကနေ အဲ့ပွိုင့်စိပ်နဲ့ ထိတွေ့မှု ထပ်ဖြစ်တာပါ။” လို့ တော်ဝင်လျှပ်စီးစစ်ကြောင်း (RTC) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း တော်ဝင်လျှပ်စီးစစ်ကြောင်းက အမျိုးသမီးရဲဘော် ၆ယောက်အထိ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

“ကျနော်တို့ RTC စစ်ကြောင်းအနေနဲ့ကတော့ အခုလိုအမျိုးသမီးရဲဘော်တွေ ပါဝင်လာတာ ပထမဆုံးပါ။ ယခင် တပ်ခွဲ(၄)အဖြစ် စစ်ရေးလှုပ်ရှားစဥ်ကတော့ အမျိုးသမီးရဲဘော်တွေ ပါဝင်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်” လို့ တော်ဝင်လျှပ်စီးစစ်ကြောင်း (RTC) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေပြီးတဲ့နောက် စစ်ကောင်စီက ကတို့ကုန်းကျေးရွာဘက်ကနေ မန်ကျည်းကုန်းကျေးရွာဘက်ဆီ စစ်ကြောင်းထပ်မံဝင်ရောက်နေပြီးအရပ်သားပြည်သူတွေ သတိထားကြဖို့ တော်ဝင်လျှပ်စီးစစ်ကြောင်း (RTC) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြဝတီအနီးရှိ စစ်ကောင်စီ၏ ဝေါလေ နှင့် ဥကရစ်ထစခန်းများ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ၊ ဝေါလေစခန်းမှာ ယမန်နေ့က တော်လှန်ရေးတပ်များ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွား…

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြ၀တီမြို့အနီးရှိ စစ်ကောင်စီရဲ့ ဝေါလေနဲ့ ဥကရစ်ထ တပ်စခန်းတွေ အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဝိုင်းဝန်းပိတ်ဆို့ကာ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်နဲ့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

မြို့သာ-မန္တလေးလမ်းပိုင်း နှင့် မြို့သာ-ငါန်းဇွန်လမ်းပိုင်းတို့တွင် အရပ်သားကားများ မှန်ချမောင်းနှင်ရန်၊ တိုက်ပွဲဖြစ်ပွားချိန် နောက်ပြန်လှည့်ရန် PDF သတိပေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ စစ်အုပ်စုကို အချိန်မရွေး ဝင်ရောက်တိုက်ခိုက်တာတွေ ရှိလာနိုင်တာကြောင့် အရပ်သားကားတွေ မှန်ချမောင်းနှင်တာမျိုးနဲ့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း နောက်ပြန်ဆုတ်ပေးကြဖို့ တိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ၁/၂၀၂၄ တပ်မှူးသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ မတ်လ ၈ ရက်က ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲဝင်သွားကြမည်ဟု အလယ်ပိုင်းဒေသ တော်လှန်ရေးတပ်များ အသီးသီး ထုတ်ပြန်

တနိုင်ငံလုံး စစ်ကျွန်ဘဝက လွတ်မြောက်ပြီး ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်သွားမယ့်အကြောင်း အလယ်ပိုင်းဒေသတွင်းက တော်လှန်ရေးတပ် အသီးသီးက ထုတ်ပြန်လာကြပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ပြည်သူများကို အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာ အသိပညာပေးမှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာအသိပညာပေးမှုကို စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ ဇဂျမ်းတိုက်နယ်ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်အုပ်စုတွေ ထိခိုက်ခဲ့သလို စခန်းမှူးလည်း ပျောက်ဆုံးနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဇဂျမ်းတိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်အုပ်စုတွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို စခန်းမှူးဖြစ်သူလည်း ပျောက်ဆုံးနေကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။