စစ်ကိုင်းတိုင်း မုံရွာ-ကျောက္ကာလမ်းကြောကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဇန်နဝါရီ ၅ ရက်ကနေ ၁၉ ရက်အထိ ၁၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ  မြို့နယ်ထောက်ပို့တာဝန်ခံ ရဲဘော်မှန်လေးရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

တိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက မြေပြင်၊ ဝေဟင် စစ်ဆင်ရေးတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ကျဆုံးများစွာနဲ့ ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားပြည်သူတွေကို ဓားစာခံလုပ် ဖမ်းဆီးကာ လူသားဒိုင်အနေနဲ့ အသုံးပြုပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူတွေအနေနဲ့ ဂရုစိုက်နေထိုင်သွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။ 

ဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ၊ မုံရွာမြို့နယ် ပလဖ၊ မုံရွာခရိုင် တပ်ရင်း ၁၊ မုံရွာမြို့နယ် တိုက်နယ် ၂ ပကဖ ၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေ၊ CHU PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပြည်သူ့ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မဲ‌ဆောက်မြို့တွင် သေနတ်ကိုင် ရမ်းကားသူ ၁ ဦးကို အာဏာပိုင်များ အရှင်ဖမ်းဆီး (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
Read More

သင်္ကြန်အကျနေ့ သနပ်ပင်ဇင်းရွာကို ဗုံးလာကြဲတဲ့ စက်တပ်လေထီးယာဉ် ၂ စီးကို ပစ်ခတ်မှု လေထီး မောင်းသူ ၁ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ် သနပ်ပင်ဇင်းရွာကို ဧပြီ ၁၄ ရက် နံနက်ပိုင်းက ဗုံးလာကြဲတဲ့ အကြမ်း ဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးယာဉ် ၂ စီးကို ပကဖစုဖွဲ့မှုတပ် (ပေါက်၊ မြိုင်၊ ကမ္မ) လက်နက် ကြီးတပ်ဖွဲ့က အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေထီးမောင်းသူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် SSNDF/ KNDF B-103 ကနေ သင်တန်းသားရဲဘော် သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ 𝐉𝐮𝐬𝐭𝐢𝐜𝐞 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐜𝐞 မှ မေ ၁ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ရေးအရှိန်အဟုန်မြင့်လာချိန် ပြည်သူ့ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ရေး “အဖိုးတန်အသက်တွေမဆုံးရှုံးဖို့ ချပ်ဝတ်တန်ဆာ‌ဆင်‌ပေးစို့” ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်းက ရဲဘော်တွေကို Equipment ၊ Helmet  နဲ့ ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ပေးနိုင်ဖို့အတွက်  "အဖိုးတန်အသက်တွေမဆုံးရှုံးဖို့ ချပ်ဝတ်တန်ဆာ‌ဆင်‌ပေးစို့ "ကမ်ပိန်းပြုလုပ်ထားပါတယ်။