စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဇန်နဝါရီ ၂၂ ရက်မှာ တောပုပျူစခန်းကနေ ညောင်ဖြူပင်ရဲစခန်းဆီ ရိက္ခာပို့လာတဲ့ ပျူစောထီးတွေကို ပဒေသာမိုင်းတွေ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သံမဏိတပ်ခွဲ ၃ Force – Mpdf အဖွဲ့ထံက သိရပါတယ်။

အင်အား ၂၅ ယောက်ခန့်ရှိ ပျူစောထီးတွေ တောပုပျူစခန်းကနေ ညောင်ဖြူပင်ရဲစခန်းကို ထွက်လာချိန် ပဒေသာမိုင်း ၂ ပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ပျူစောထီးတွေဟာ ရိက္ခာထုပ်တွေကို ချထားပြီး ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်းအမှတ်၂၅၊ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၂၊ မုံရွာခရိုင် တပ်ရင်းအမှတ်၂၃၊ မုံရွာခရိုင် တပ်ရင်းအမှတ် ၂၈၊ BLDF၊ Special Force 11 နဲ့ Importal Gurella Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖလမ်းမြို့ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၆၈ ကို ချင်းညီ‌နောင် သိမ်းပိုက်ထားမှုမြင်ကွင်း (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ရဲစခန်းအတွင်း မူးယစ်သောက်စားပြီး PDF တွေကို စိန်ခေါ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်မှာရှိတဲ့ ရဲစခန်းကို ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (Salingyi) ထံက သိရပါတယ်။
Read More

MLA ၏ ကျန်းမာရေးဌာနမှ စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်း ပြုလုပ် (ရုပ်/သံ)

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ ကျန်းမာရေးဌာနက ဦးစီးပြီး စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်မြို့နယ် မဲချောင်းစခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုမှာ စစ်သား ၅ ယောက်သေ၊ တော်လှန်ရေးရဲဘော် ၃ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၂ ရက် နေ့လည်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force ထံက သိရပါတယ်။
Read More

ပခုက္ကူမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၂ ဦး လွတ်မြောက်လာ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ မိတ္ထီလာတပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇၊ ၄၁၈၊ ၄၁၉ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ပြောက်ကျားမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မြိုင်မြို့နယ်အစပ်မှာ ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းမိုင်မှာ ပြုလုပ်မယ့် စစ်ဘေးရှောင်ရန်ပုံငွေရုပ်ရှင်ပြပွဲ လာရောက်အားပေးကြဖို့ ဒေါင်း ဖိတ်ခေါ် (ရုပ်/သံ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် စစ်ဘေးရှောင်ရန်ပုံငွေရုပ်ရှင်ပြပွဲကို တော်လှန်ပြည်သူတွေ လာရောက်အားပေးကြဖို့ တော်လှန်အနုပညာရှင် ဒေါင်းက ဖိတ်ခေါ်လိုက်ပါတယ်။