တရုတ်နိုင်ငံ၊ ကူမင်းမှာ ဇန်နဝါရီလ ၂၁ ရက်၊ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း တရုတ်၊ ထိုင်းနဲ့ စစ်ကောင်စီအရာရှိတို့အကြား ဆိုင်ဘာလိမ်လည်လုပ်ငန်းတွေ ပပျောက်ရေး လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် ရုပ်သံဌာန CCTV က ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နဲ့ စစ်ကောင်စီတို့အနေနဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးဖို့၊ ဆိုင်ဘာလိမ်ညာလုပ်ငန်းတွေကို ဖျက်သိမ်းပြီး ပိတ်မိနေသူတွေကို ကယ်တင်ဖို့ လုပ်ဆောင်သွားမယ်လို့လည်း အဲဒီအစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။

ထိုင်း-မြန်မာနယ်စပ်အနီးမှာ ပျောက်ဆုံးခဲ့တဲ့ တရုတ်သရုပ်ဆောင်တဦးအပါအဝင် မကြာသေးမီက အမှုတွဲတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် အွန်လိုင်းလိမ်လည်မှုတွေ နှိမ်နင်းဖို့ တရုတ်က အရှိန်မြှင့်လုပ်ဆောင်နေတာပါ။  

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ပေကျင်းမှာပြုလုပ်တဲ့ ဒေသတွင်းသံတမန်တွေနဲ့ ရှားရှားပါးပါး‌တွေ့ဆုံမှုတခုမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အွန်လိုင်းလောင်းကစားနဲ့ ဆိုင်ဘာလိမ်လည်မှုတွေကို ပြင်းထန်စွာ အရေးယူဖို့ အရှေ့တောင်အာရှနိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်က လိမ်လည်လှည့်စားနေတယ်ဆိုတဲ့ အွန်လိုင်းလုပ်ငန်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြဝတီမြို့ရဲ့ မြင်ကွင်း။ (ဓာတ်ပုံ MANAN VATSYAYANA / AFP)

မြန်မာအနေနဲ့ ၂၀၂၃ ခုနှစ်က စတင်ပြီး အွန်လိုင်း လိမ်လည်မှုမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၅၃,၃၈၈ ဦးကို (တရုတ်နဲ့ မြန်မာအကြားက) ရင်းနှီးတဲ့ဆက်ဆံရေးနဲ့ လူသားချင်းစာနာမှုအခြေအနေတွေကြောင့် တရားဥပဒေအရ အရေးမယူဘဲ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ပေကျင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ မြန်မာသံရုံးက အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။ 

“မြန်မာအစိုးရဟာ အွန်လိုင်း လောင်းကစားလုပ်ငန်းများကို အားပေးအားမြှောက်ပြုခြင်း မဟုတ်ဘဲ နှိမ်နင်းခြင်းသာဖြစ်တယ်” လို့ စစ်ကောင်စီသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး လိမ်လည်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တောင်းဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ လူကုန်ကူးမှုစောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံသား ၃၉၀၀ အပါအဝင် နိုင်ငံခြားသား ၆၀၀၀ ‌ကျော်လူကုန်ကူးခံခဲ့ရပြီး လိမ်လည်လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခံရမှုတွေ၊ အကြမ်းဖက်မှုတွေကို ခံစားနေရတယ်လို့ ဆိုထားပါတယ်။ 

အဲဒီလို နယ်စပ်ဖြတ်‌ကျော်ရာဇဝတ်မှုတွေ ဖြစ်ပွားနေတဲ့ နေရာတွေမှာရှိတဲ့ ရာဇဝတ်ဂိုဏ်းသားတွေဟာ စစ်ကောင်စီနဲ့ အနီးကပ်ဆက်ဆံရေးတွေရှိကြတဲ့ ကရင်နယ်ခြားစောင့်တပ် BGF/ DKBA တို့ထံက အကူအညီတွေရရှိပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီးနှင့် အမေရိကန်အမတ် တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး အခြေအနေများအကြောင်း ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ အမေရိကန် လွှတ်တော်အမတ် Julie Johnson တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေး ကမ္ဘာက အာရုံစိုက်စေဖို့ မြန်မာဝတ်စုံဖြင့် မာရသွန်ပြေးကာ ဂင်းနစ်စံချိန်တင်ခဲ့သူ

သြစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Sydney Marathon 2025 ပြိုင်ပွဲမှာ ဒေါက်တာ မြင့်မိုရ်ဦးက မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပန်းဝင်တဲ့အထိ ပါဝင်ကာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးငယ် ၂ ဦး အပါအဝင် ရွှေ့ပြောင်းမြန်မာ ၁၁၀ ကျော် ကန်ချနဘူရီမှာ ဖမ်းဆီးခံရ 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ ထောင်ဖာဖုမ်မှာ မြန်မာပြည်ကနေ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၁၀ ကျော်ကို အာဏာပိုင်တွေက စက်တင်ဘာလ ၁၆ ရက်မှာ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

ထိုင်းတွင် မြန်မာလုပ်သား လူငယ်တစ်ဦး ကြိတ်စက်ထဲ ပါသွားပြီး တစ်စစီဖြစ်ကာ အသက်ဆုံးရှုံး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ ဖော့ကြိတ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလူငယ် အလုပ်သမားတစ်ယောက် ကြိတ်စက်ထဲ မတော်တဆ ပါသွားကာ ခန္ဓာကိုယ်တစ်စစီဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်မြို့က ဂီတဖျော်ဖြေပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရ…

ထိုင်းနိုင်ငံနယ်စပ်က မြန်မာနဲ့ ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ အုန်းဖျံမြို့မှာ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက ဂီတပွဲတော် လုပ်နေချိန် ဗုံးပေါက်ကွဲပြီး ပွဲလာရောက်ကြည့်ရှုသူ ၃ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။