မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က စစ်ကောင်စီတပ်စွဲရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် (၈၁) – ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၀ ရက် နေ့လည်ပိုင်းမှာ ထီးလင်းမြို့က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ယောဗျူဟာက PDF တပ်ဖွဲ့ဝင်အချို့ (ဓာတ်ပုံ ယောဗျူဟာ)

ဒါ့အပြင် ထီးလင်းမြို့က အောင်တော်မူဘုရားဖက် ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မိနစ် (၃၀) ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးနေချိန်အတွင်း စစ်ကောင်စီတပ်ဘက်က ထီးလင်းမြို့ဘောလုံးကွင်းထဲ လူနဲ့လက်နက်ခဲယမ်းတွေ ဖြည့်တင်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါခရိုင် အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ စတဲ့ တပ်ရင်း ၅ ရင်းနဲ့ ဖွဲ့စည်းထားတဲ့ ဗျူဟာအမှတ် (၈၁) – ယောဗျူဟာအနေနဲ့ ဂန့်ဂေါခရိုင်အမှတ် ( ၂၊ ၄၊ ၁၀) တပ်ရင်းတွေနဲ့အတူ ထီးလင်းမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေတယ်လို့ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ် ဖြတ်သန်းသွားလာနေတဲ့ CDM တွေ မကြာခဏ ဖမ်းဆီးခံနေရ

ကရင်ပြည်နယ် မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) ချစ်ကြည်ရေး တံတားပေါ် ဖြတ်သွားလာမှုပြုလုပ်နေတဲ့ CDM ဝန်ထမ်းတွေ နေ့စဥ်ဆိုသလို ဖမ်းဆီးခံနေရကြောင်း စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ဘောလခဲ စခန်းကုန်းတိုက်ပွဲအတွင်း ဘောလခဲ PDF ရဲဘော် သက်ပိုင်ဦး ကျဆုံးခဲ့

ဘောလခဲခရိုင်မှာ ဖြစ်ပွါးခဲ့တဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲအတွင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ယောက် ကျဆုံးခဲ့ရတယ်လို့  ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုက ပဲခူးရိုးမတွင် ၃ လအတွင်း ကိုယ်ဝန်ဆောင် ၂ ဦးအပါ ပြည်သူ ၁၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်အစပ် ပဲခူးရိုးမပေါ်ရှိ ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုက ၃ လတာအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ယောက် အပါအဝင် ပြည်သူ ၁၈ ယောက်ကို ဖမ်းဆီးကာ သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ ထံက သိရပါတယ်။
Read More

ဈေးချိုမှာ ဆန္ဒပြ၍ အကြမ်းဖက်စစ်တပ် ဆုငွေထုတ် အမှုဖွင့်ခံထားရသူ ၁၀ ဦးအနက် ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံထားရဟု ဆို

မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသူများ ပါဝင်မည့် အမည်ခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နေပြည်တော်မှာ ပြုလုပ်မည်

စစ်အာဏာသိမ်းစဉ်ကပင် လက်ရှိအချိန်အထိ စစ်ကောင်စီကို ထောက်ခံအားပေးသူတွေနဲ့ စစ်ကောင်စီ အဓိက ထိန်းချုပ်ထားသူတွေသာ ပါဝင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့ အမည်တပ်ထားတဲ့ပွဲကို နေပြည်တော်မှာ ၃ ရက်တာ ကျင်းပမယ်လို့ သိရပါတယ်။
Read More

KNDF အမှတ် ၈ တပ်ရင်း ရဲဘော်များနှင့် မိသားစုဝင်များ ပါဝင်သည့် တပ်တွင်းတွေ့ဆုံပွဲ ပြုလုပ်ခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၈) တပ်ရင်းအနေနဲ့ တပ်ရင်းရှိ ရဲဘော်တွေ၊ ရဲဘော်တွေရဲ့ မိသားစုဝင်တွေ ပါဝင်တဲ့ တွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။