ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် စည်ပင်ရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၁ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ(၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁) လုံးနဲ့ စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဗုံး(၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ပြီး PSLF/TNLA မီးသတ်ဌာနနဲ့ ပြည်သူတွေ ဝိုင်း၀န်းငြှိမ်းသတ်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်ကလည်း ကျောက်မဲမြို့နယ်၊ ပန်ပေါက်ရွာ တိုးဂိတ်အနီးကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ပန်ရပ်ကျေးရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇နှစ်အရွယ် ကလေးများ အပါအဝင် ၅ ဦး သေဆုံး 

မွန်ပြည်နယ် ကျိုက်မရောနဲ့ ကရင်ပြည်နယ် ကော့ကရိတ် အစပ်မှာရှိတဲ့ ပန်ရပ်ကျေးရွာမှာ ကလေးတွေစာသင်နေတဲ့ နေအိမ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇နှစ်အရွယ် ကလေး ၂ယောက် အပါအဝင် ၅ယောက် သေဆုံးသွားတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ထံက သိရပါတယ်။ 
Read More

နိုဝင်ဘာလအတွင်း ပြည်သူ ၅ ဦးကို စစ်အုပ်စု ရွေးကောက်ပွဲဥပဒေဖြင့် ထပ်မံဖမ်းဆီးထား၊ ရန်ကုန်တွင် ၂ လအတွင်း ဖမ်းဆီးခံထားရသူ ၁၅ ဦး ရှိ

အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုပြီး ရန်ကုန်တိုင်းအတွင်းက အရပ်သား ၅ ယောက်ကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃ (က) နဲ့ အသီးသီး ထပ်မံ အရေးယူထားကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်း၊ မကွေး နဲ့ မန္တလေးတိုင်းအတွင်းက ရဲဘော်တွေပါဝင်တဲ့ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို လက်နက်တပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်းက ရဲဘော်တွေ ပါဝင်တဲ့ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို ဇန်နဝါရီလ (၁၂) ရက်မှာ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တိုက်ကြီးမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြို့မရဲစခန်းကို ပြင်းအားမြင့်အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ လူစာရင်းနဲ့ လိပ်စာတွေ ရထားပြီ၊ အရေးယူမှုတွေ လုပ်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြော

စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့ အဖွဲ့ကို ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် မင်းကွန်းနဲ့ ကျောက်တာရွာက ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ထောက်ပံ့နေသူတွေရဲ့စာရင်းကို ရရှိထားပြီဖြစ်တာကြောင့် အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ကျေးရွာအတွင်းမှ မောင်းထုတ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ အရပ်သားပြည်သူ ၆ဝဝဝ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က  ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး ကျေးရွာအတွင်းကနေ ထွက်သွားရမယ်လို့ မောင်းထုတ်ပြီး ဝင်ရောက်တပ်စွဲနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။