စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မြပုလဲစစ်ဆေးရေးဂိတ်ကို နှစ်ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၄) တပ်ခွဲ (၂) – 5/ Commando Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မုံရွာ-မန္တလေး လမ်းမပေါ်မှာ ပြည်သူတွေကို ဆက်ကြေးကောက် ပေါ်တာဆွဲတာတွေ နေ့စဉ်ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့ မြပုလဲဂိတ်ကို ၂ ရက်ဆက်တိုက် ဒရုန်းတွေနဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြပုလဲဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း M9 ၊ ERO ၊ Drop Bomb ၊ လက်လုပ် အီနာကာဗုံးသီးတွေနဲ့ အတိအကျ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ – Monywa The Boys ၊ မုံရွာခရိုင် တပ်ရင်း (၄) တပ်ခွဲ (၂) – 5/ Commando Force ၊ မုံရွာခရိုင်တပ်ရင်း (၂၃) တပ်ခွဲ ၂ – Tiger Brothers people’s Defence Force ၊ မုံရွာခရိုင် အမှတ် ၈ တပ်ရင်း၊ တပ်ခွဲ ၂ – မိုးကြိုး ကျည်သံ ပြောက်ကျားတပ်ဖွဲ့နဲ့ BLDF အညာမိုင်းအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ABSDF အမှတ် ၂ စစ်ကြောင်း လှုပ်ရှားနယ်မြေမှာ တော်လှန်ရေးရဲဘော် ၁၄၇ ယောက် သင်တန်းဆင်းခဲ့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၂ စစ်ကြောင်းမှာ ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်က စစ်ကြောင်း ၂ လှုပ်ရှားနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အသက်မပြည့်သေးသူများကို စစ်မှုမထမ်းခိုင်းရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တားမြစ်မိန့် ထုတ်ပြန်…

အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ ဝင်ရောက် တာဝန်ထမ်းဆောင်ခွင့်မပြုဖို့ ညွှန်ကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၉ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထား

အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက်တစ်ဖြစ်လည်း နေရွှေသွေးအောင်ရဲ့ ဖခင် ဒေါက်တာနေစိုးမောင်ကို အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တယ်ဆိုပြီး ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဒီနေ့မှာ တရားဝင် သတင်းထုတ်ပြန်လာပါတယ်။
Read More

အေဂျင်စီများ ထိုင်းနိုင်ငံအတွက် တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်

ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။
Read More

ရွေးကောက်ပွဲအတု မဲစာရင်းကြည့်သူမရှိသဖြင့် အိမ်တိုင်ရာရောက် တိုက်စစ်N

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာပြုလုပ်မယ့် အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို စိတ်ဝင်စားသူမရှိလို့ မဲစာရင်းစစ်ဆေးမယ့်သူ မရှိတဲ့အတွက် အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးနေကြောင်း ရန်ကုန်မြို့ခံ ပြည်သူတချို့က ပြောပါတယ်။
Read More

စစ်တပ်ထိန်းချုပ်မှုအောက်က ရွေးကောက်ပွဲ လွတ်လပ်ပြီး မမျှတနိုင်၊ အကြမ်းဖက်မှုများ ပိုမိုမြင့်တက်စေမည်ဟု ကုလလူ့အခွင့်အရေးအကြီးအကဲ ထပ်မံပြောကြား

မြန်မာနိုင်ငံမှာပြုလုပ်မယ့် စစ်တပ်ထိန်းချုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ပိုမိုမြင့်တက်စေမှာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က စက်တင်ဘာလ ၃၀ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။