အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ အခမ်းအနားပြုလုပ်ကာ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ကလလတ စစ်ဦးစီးချုပ် ဦးထွန်းကျော်ထံ AR-15 နဲ့ TZ-24 သေနတ်တွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အခမ်းအနားကို ကလလတ စစ်ဦးစီးချုပ်ရုံး တာဝန်ရှိသူတွေ၊ မဟာမိတ်တပ်ရင်း တာဝန်ရှိသူတွေနဲ့ အရပ်ဘက်အဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Karenni People’s Voice)

0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ၏ (၄) နှစ်ပြည့်အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ရဲ့ လေးနှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၂၇) ရက်က ကရင်နီပြည် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

SNLD ၃၆ နှစ်ပြည့်အတွက် NUG နိုင်ငံခြားရေးဝန်ကြီး သဝဏ်လွှာပေးပို့

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၃၆ နှစ်မြောက် အထိမ်းအမှတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုတောင်းမေတ္တာ ပို့သတဲ့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
Read More

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မဲခေါင်မြစ်အနီး မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ (NDAA) ၏ မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ထုတ်ပြန်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မဲခေါင်မြစ်အနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ မိုင်းလားတပ် NDAA ရဲ့ မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ဂြိုဟ်တုဓာတ်ပုံတွေကတဆင့် မှတ်တမ်းရယူထားနိုင်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း CDM ဝန်ထမ်း ၁၂၀၀ ကျော်အတွက် သိန်း ၇၀၀ ကျော် ထောက်ပံ့ခဲ့တယ်လို့ CRPH ထုတ်ပြန်

ပြည်သူ့ဘက်ကိုရပ်တည်နေတဲ့ အလွှာစုံက CDM ဝန်ထမ်းပေါင်း ၁၂၀၀ ကျော်အတွက် ငွေကျပ် သိန်း ၇၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
Read More

ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြဝတီတစ်မြို့လုံး စက်သုံးဆီဆိုင်တွေ ပိတ်ချထား

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိကျေးရွာတွေမှာ သြဂုတ်လ ၁၄ ရက် မနက်ပိုင်းကစလို့ စက်သုံးဆီဆိုင်တွေ အကြောင်းပြချက်မရှိဘဲ ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။