အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Dato’ Seri Anwar Ibrahim ဆီ ဇန်နဝါရီ ၇ ရက်မှာ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့တယ်လို့ NUG သမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

သဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်းကို ထည့်သွင်းဖော်ပြထားသလို မလေးရှားနိုင်ငံရဲ့ ၂၀၂၅ အာဆီယံ ဥက္ကဋ္ဌ အဖြစ် သက်တမ်းစတင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ မလေးရှားပြည်သူတွေအတွက် နှစ်သစ်ကူးဆုတောင်းကို ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တိုင်းပြည်နယ်မြေရဲ့ ၂၅ ရာခိုင်နှုန်းအောက်ကိုသာ ထိန်းချုပ်ထားနိုင်သလို အဲ့ဒီ့ရာခိုင်နှုန်းဟာလည်း နေ့စဉ်နဲ့အမျှ လျှော့နည်းလာနေကာ အကြမ်းဖက်စစ်ကောင်စီ ကင်းစင်သွားတဲ့နေရာဒေသတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေဟာ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ယာယီသမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မလေးရှား၊ မြန်မာ နှစ်နိုင်ငံကြားက ဆက်ဆံရေးဟာ ခိုင်မြဲအရေးပါပြီး အာဆီယံကတဆင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အတူတကွလက်တွဲလုပ်ဆောင်လိုကြောင်းလည်း ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်း အကြမ်းဖက်မှု၊ စီးပွားရေးဆုတ်ယုတ်မှု၊ နိုင်ငံရေးစိန်ခေါ်မှုတွေကြောင့် ပြည်သူတရပ်လုံး ဒုက္ခဆင်းရဲရောက်ခဲ့ရတယ်လို့လည်း ယာယီသမ္မတက ဆိုပါတယ်။

ဒီအခက်အခဲတွေကို မြန်မာပြည်သူလူထုက ကြံ့ကြံ့ခံပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဖြစ်အောင် စည်းလုံးစွာ ကြိုးပမ်းခဲ့ကာ နွေဦးတော်လှန်ရေးကာလတွေအတွင်း မလေးရှားနိုင်ငံရဲ့ မြန်မာပြည်သူတွေ အတွက် ကြိုးပမ်းမှုကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်းနဲ့ ဒီမိုကရေစီမိတ်ဖက်အဖြစ် မြန်မာပြည်သူတွေက မှတ်ယူထားတယ်လို့လည်း ယာယီသမ္မတကြီးက သဝဏ်လွှာမှာ ထည့်သွင်းရေးသားထားပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌအနေနဲ့ မလေးရှားနိုင်ငံ တာဝန်ကျတာဟာ မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ သဘောထားကို ဖော်ဆောင်နိုင်မယ့် ရှင်းလင်းပြတ်သားတဲ့ ခြေလှမ်းတွေ ပေါ်ပေါက်ရေးအတွက် အခွင့်အလမ်းသစ်တစ်ခုကို ဖြစ်စေပြီး အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့တွေ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ တရားဝင် ပိုမိုထိတွေ့ဆက်ဆံကာ မြန်မာပြည်သူလူထုရဲ့ စစ်မှန်တဲ့ သဘောထားနဲ့ လိုက်လျောညီထွေရှိတဲ့ အဖြေတွေ ရှာဖွေလာနိုင်ဖို့ မျှော်လင့်ကြောင်းကိုလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့နယ်မှ စစ်တပ် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်တွေနဲ့ လှည့်လည်သပိတ်မှောက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုထံက သိရပါတယ်။
Read More

ဝန်းသို နမ်းခမ်းရွာကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၃၀ ထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ရေး သတင်းပေါက်ကြားမှုကို ထိန်းချုပ်နိုင်ဖို့ အခပေး Starlink အသုံးပြုခွင့်ကို တစ်လပိတ်ပင်…

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ရေးသတင်းတွေပေါက်ကြားမှုမရှိစေဖို့ အခကြေး ငွေယူပြီးအသုံးပြုခွင့်ပေးထားတဲ့ Starlink Wifi လိုင်းတွေကို ပိတ်ပင်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြန်ထားပါတယ်။ NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရုံးရဲ့အကြောင်းကြားစာအရ…
Read More

စိတ်ရင်းစေတနာကောင်းနဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်၊ အဂတိလိုက်စားသူရဲ့ ပိုင်ဆိုင်မှုကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအတွက် စိတ်ရင်းစေတနာကောင်းကို အရင်းခံပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်လို့  ပြောကြားလိုက်ပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် ကျဆုံး

မကွေးတိုင်းအနောက်ခြမ်းရှိ အရှိုချင်းဒေသက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးခံယူချက် မခိုင်မာ၊ စည်းကမ်းမလိုက်နာရင် တောထဲ မလာပါနဲ့ ဆိုတဲ့  Giant Dragon Column

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ (၂)၊ ပဲခူးခရိုင် အမှတ် (၁) တပ်ရင်း Giant Dragon Column က တပ်သားသစ်တွေ ခေါ်ယူနေပါတယ်။