“မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး” အတွက် အတူ လက်တွဲ တိုက်ပွဲဝင်ဖို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ရဲဘော်သစ်တွေ ခေါ်ယူနေပါတယ်။

၂၀၂၅ ခုနှစ်ဟာ တောင်တန်းဒေသကနေ မြေပြန့်ဒေသတွေဆီ တော်လှန်စစ်ကို ဝတ်မှုန်ကူး သယ်ဆောင်လာရမယ့် နှစ်တစ်နှစ် ဖြစ်တယ်လို့ ယူဆတာကြောင့် တော်လှန်စစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်ပြီး နိုင်ငံတော်သစ်အတွက် လက်တွဲတိုက်ပွဲမယ့် ရဲဘော်တွေ လိုအပ်နေတယ်လို့ SAF က ဆိုပါတယ်။

SAF ဆီ ဝင်ရောက်ချင်တဲ့ ရဲဘော်တွေအနေနဲ့ အဖိနှိပ်ခံလူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အမိန့်ပေးကွပ်ကဲမှုနဲ့ ဆင့်ကဲအုပ်ချုပ်မှု သဘောတရားကို လက်ခံပြီး စစ်ပုံကျကာ အမိန်နာခံမှု အားကောင်းတဲ့ တော်လှန်ရေးတပ်သားတွေ ဖြစ်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် SAF နဲ့အတူ လက်တွဲတိုက်ပွဲဝင်ဖို့ ကျောင်းသားရဲဘော်တွေ သာမက လူတန်းစား အလွှာအသီးသီးမှ အမှန်တရားအတွက် တိုက်ပွဲဝင်လိုတဲ့ ကျောင်းသားစိတ်ဓာတ်ရှိသူ မည်သူမဆို တပ်တော်ကို ဝင်ရောက်အမှုထမ်းကြဖို့ တိုက်တွန်း ထုတ်ပြန်ထားပါတယ်။

SAF ဆီ ဝင်ရောက်ချင်တဲ့ ရဲဘော်တွေအနေနဲ့ တပ်တော်ရဲ့ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ မူဝါဒများနဲ့ သစ္စာအဓိဋ္ဌာန်များကို လက်ခံနိုင်သူဖြစ်ဖို့လိုသလို လက်နက်ကိုင်တော်လှန်ရေးအတွက် စိတ်ပိုင်းဖြတ်ပြီးသား၊ အသက် (၁၈) နှစ်က အသက် (၅၀) နှစ်အတွင်း အခြေခံကျန်းမာရေး ကောင်းမွန်ကာ တပ်တော်က ပေးအပ်လာတဲ့ အမိန့်နဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်တွင် စစ်ကောင်စီတပ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီ တပ်သား ၆ ယောက် လက်နက်တွေ ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ People's Servant Revolution - Wetlet က ထုတ်ပြန်ပါတယ်။
Read More

မြဝတီ ကျောက်ခက်ရွာ ဆေးရုံဟောင်းကို စစ်တပ် ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာအတွင်းက ဆေးရုံဟောင်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မိုင်းလုံမြို့နယ်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် ရွာခံ ၁၀ ဦး သေဆုံးခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦး အပါအဝင် ရွာခံပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

ထောင်တွင်းထောင်ပြင် ပဋိပက္ခဖြစ်စဉ်များအပြီး မကွေးထောင်မှ နိုင်ကျဥ်းများ ဆေးကုသခွင့်နှင့် ထောင်ဝင်စာများ ပိတ်ပင်ခံထားရ

မကွေးအကျဉ်းထောင်မှာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော် ဆေးကုသခွင့်မရရှိသလို ထောင်ဝင်စာတွေလည်း ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦး က မောင်းကို ပြောပါတယ်။
Read More

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းစစ်ဆင်ရေးပြုလုပ်

ရွှေစက်တော်ဘုရားအနီးက စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းဗုံးသီးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မြဝတီတစ်မြို့လုံး စက်သုံးဆီဆိုင်တွေ ပိတ်ချထား

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိကျေးရွာတွေမှာ သြဂုတ်လ ၁၄ ရက် မနက်ပိုင်းကစလို့ စက်သုံးဆီဆိုင်တွေ အကြောင်းပြချက်မရှိဘဲ ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။