မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ မြန်မာစစ်တပ်တို့ဟာ စနေနေ့က စတင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့မှာ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေး မြှင့်တင်ရေး ကြိုးပမ်းမှုအတွက် ပေကျင်းကို ကျေးဇူးတင်ကြကြောင်း တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ Mao Ning က ဇန်နဝါရီလ ၂၀ ရက် တနင်္လာနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေကို အေးသွားစေတာက မြန်မာက အဖွဲ့အားလုံးနဲ့ ဒေသတွင်းနိုင်ငံအားလုံးရဲ့ ဘုံအကျိုးစီးပွားဖြစ်ပြီး တရုတ်နဲ့ မြန်မာကြား နယ်စပ်ဒေသတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပါတယ်” လို့ သူမက ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးပွဲတွေကို တက်တက်ကြွကြွ အားပေးမြှင့်တင်ကာ မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကူအညီတွေ ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း မော်က ပြောကြားခဲ့ပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှာ ၁၀၂၇ စစ်ဆင်ရေးနာမည်နဲ့ မြန်မာစစ်တပ်ကို ထိုးစစ်ဆင်ခဲ့ပြီး တရုတ်နယ်စပ်အနီးက နယ်မြေအတော်များများကို သိမ်းယူခဲ့ပါတယ်။

MNDAA ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက တရုတ်နယ်စပ်အနီးမှာရှိတဲ့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အရေးပါတဲ့ နယ်စပ်ဒေသတွေကနေ စစ်ကောင်စီကို ဖယ်ရှားပြီး ဗဟိုမြို့ကြီးဖြစ်တဲ့ မန္တလေးကို စတင်ဝင်ရောက်လာတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ရှေ့တိုးလာမှုကို တရုတ်က စိုးရိမ်နေတယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။

မြန်မာနဲ့ ကီလိုမီတာ ၂၀၀၀ ကျော် ရှည်လျားတဲ့ နယ်စပ်မျဉ်းတလျှောက် မငြိမ်မသက်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုကို ထိခိုက်မှာကို တရုတ်က စိုးရိမ်နေပါတယ်။

ပေကျင်းဟာ ပြီးခဲ့တဲ့တစ်နှစ်ကလည်း မြောက်ပိုင်းနယ်နိမိတ်အတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ကြားဝင်စေ့စပ်ခဲ့ပေမယ့် လအနည်းငယ်အကြာမှာ သဘောတူညီချက် ပျက်သွားခဲ့ပါတယ်။

မူရင်းသတင်း – Myanmar military, minority armed group agree ceasefire, China says

0 Shares:
You May Also Like
Read More

မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ရန် နေပြည်တော်လာ

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်အုပ်စုရဲ့ လာမယ့်ရွေးကောက်ပွဲကိစ္စတွေနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး တွန်းအားပေးပြောဆိုဖို့ ကြာသပတေးနေ့မှာ နေပြည်တော်ကို သွားရောက်မယ့်အကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ထားပါတယ်။
Read More

ရုရှား လေတပ်စခန်းများကို ယူကရိန်းက Web Operation အဖြစ် ဒရုန်းများဖြင့် တိုက်ခိုက်၊ ရုရှားစစ်လေယာဉ် ၄၀ ကျော် ပျက်စီးဟု ဆို

ရုရှားနိုင်ငံအတွင်းရှိ လေတပ်အခြေစိုက်စခန်းတွေကို ဇွန်လ ၁ ရက် မနေ့က ယူကရိန်းရဲ့ S.B.U ထောက်လှမ်းရေးအေဂျင်စီက ဦးဆောင်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

မြန်မာစစ်ပွဲအပေါ်  နိုင်ငံတကာရဲ့တုံ့ပြန်မှု ‘အလုပ်ဖြစ်မနေဘူး’ လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြော

မြန်မာ့ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်တာ ရှင်းလင်းနေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပြီး စစ်ကောင်စီကို ငွေ၊ လက်နက်နဲ့ တရားဝင်မှုတွေ ဖြတ်တောက်ဖို့ တိုက်တွန်းထားပါတယ်။
Read More

မြန်မာ ၁ ယောက် အပါအဝင် တောင်းရမ်းသူ ၁၂ ယောက် ဘန်ကောက်မှာ ဖမ်းဆီးခံရ၊ တစ်ယောက်မှာ ဘတ် ၁၃ သိန်းခန့် ပိုင်ဆိုင်မှုရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ကို အောက်တိုဘာ တတိယပတ်အတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၁၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ အောက်တိုဘာလ တတိယပတ်ထဲ တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၁၁၂ ယောက်အထိ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းမြန်မာနယ်စပ် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား သံတမန်ညှိနှိုင်းမှုအဆင့်ကို ကျော်လွန်ကာ ဒုတိယမြောက်နေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့

နယ်စပ်အငြင်းပွါးမှု ပြဿနာကြီးထွားလာရာကနေ မနေ့က မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက်ပြင်းထန်လာခဲ့ပါတယ်။