အတင်းအကျပ်စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံထားရသူအများဆုံး ပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင် သင်တန်းပေးနေပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

မြို့ပေါ်တွေမှာပါ ပေါ်တာဆွဲ၊ဖမ်းဆီးအကြမ်းဖက် စုဆောင်းခြင်းခံရသူ အများဆုံးပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ်(၉)ကို စတင်လိုက်တာဖြစ်ပါတယိ။

စစ်မှုထမ်းအပတ်စဉ် (၉)ဟာ ရှေ့ကပြီးဆုံးခဲ့တဲ့ အပတ်စဉ် တွေထက် သတ်မှတ်ထားတဲ့အရေအတွက်မပြည့်မှီဘဲ ဖွင့်လိုက်လိုက်ရတာဖြစ်တယ်လို့လည်း CDM စစ်တပ်အရာရှိတွေက ဆိုပါတယ်။

အတင်းအကျပ်စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံထားရသူအများဆုံး ပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) မှ တပ်သားများကို ကြိုဆိုနေပုံ (ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန)

စစ်ကောင်စီတပ်က အရှေ့ပိုင်းတိုင်း၊ အရှေ့တောင်တိုင်း၊ အနောက်တောင်တိုင်းစတဲ့စစ်ဌာနချုပ် နယ်မြေတွေနဲ့ ရန်ကုန်တိုင်းတို့မှာ စစ်မှုထမ်းအပတ်စဉ် (၉) အတွက် ဒီနေ့ ဇန်နဝါရီ (၂၀) ရက်မှာပဲ စတင်သင်တန်းပေးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့  ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် (၅)ကနေစတင်ပြီး အတင်းအကြပ်စုဆောင်းခံရသူလူငယ် လူရွယ်တွေအများဆုံးပါ၀င်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ နေ့စဉ် ပူးပေါင်းခိုလှုံသူတွေလည်း မြင့်တက်လျက်ရှိတာပါ။

အတင်းအကျပ်စုဆောင်းခံရသူအများစုဟာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မနလေးတိုင်းကအရေအတွက်အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ရှေ့လာမယ့် စစ်မှုထမ်းအပတ်စဉ်တွေမှာလည်း အမျိုးသားတွေအပြင် အမျိုသမီးတွေကိုပါ ပစ်မှတ်ထားပြီး အတင်းအကြပ် စုဆောင်းမှုတွေရှိလာနိုင်တယ်လို့ CDM စစ်တပ်အရာရှိတွေက သုံးသပ်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရမည်းသင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ရှေ့ပြေးကင်းထွက်တဲ့ စစ်ကောင်စီတပ်သား​တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံး…

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ရှေ့ပြေးထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့ သတင်းတာဝန်ခံ ရဲဘော် ကြက်ဖ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄ ဦး သေဆုံးပြီး ၆ ဦးခန့် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မိတ္ထီလာမြို့ စစ်ကောင်စီ ရှမ်းတဲလေတပ်စခန်းနဲ့ စခန်းတချို့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့ ရှမ်းတဲလေတပ်စခန်းအပြင်ဘက် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် တပ်မ ၉၉ နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကပစတပ်တွေကို တော်လှန်ရေးအင်အားစုတွေဘက်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ၇၅ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာလ ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၅ နှစ်မြောက် အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါ ၅ ဦး သေဆုံးဟု ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူတစ်ယောက် သေနတ် ၂ လက် ခိုးယူထွက်ပြေးလွတ်မြောက်ခဲ့ရာက သိန်း ၁၀၀ ချီးမြှင့်ငွေ ရရှိခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပြည်သူတစ်ယောက်ဟာ စစ်သားတွေရဲ့ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေကို ခိုးယူကာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။