အာဆီယံအပါအ၀င် နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဆောင်ရွက်ခြင်း မရှိတာကြောင့် စစ်ကောင်စီကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပြုဦးမှာ မဟုတ်ဘူးလို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဗိုလ်ချုပ်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် ဆက်လက်ရပ်ဆိုင်းထားဖို့ ဒီနေ့ ဇန်နဝါရီ ၂၀ရက်မှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးမှာ ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတည်းကနေ လက်ရှိအချိန်ထိ အာဆီယံရဲ့ မြန်မာ့အရေးဆွေးနွေးချက်တွေကို မလိုက်နာတဲ့အတွက် အခုလို တက်ရောက်ခွင့်မပြုတာလည်း ဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မလေးရှားနိုင်ငံ၊ လန်ကာဝီမှာ ကျင်းပလျက်ရှိနေပြီး မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စား နိုင်ငံရေးရာထူး ရယူထားခြင်းမရှိတဲ့ အဆင့်နှိမ့်ချထားတဲ့ စစ်ကောင်စီ နိုင်ငံခြားရေး အရာရှိတစ်ယောက်က ဒီအစည်းအဝေး တက်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့ထက် တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးသင့်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အဲဒီဆွေးနွေးပွဲမှာ တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ လက်တွေ့အရ ကင်းကွာနေတယ်လို့လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားခဲ့ပါတယ်။

အာဆီယံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် မပေးပေမယ့် တခြား ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပြုကာ တရားဝင်မှု ပေးအပ်ထားတာကြောင့် အာဆီယံအပေါ် ဝေဖန်မှုများစွာလည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က ငလျင်ဘေးသင့် ပြည်သူများနေထိုင်ဖို့ ယာယီတဲ ၉၀ ကျော် တည်ဆောက်ပေး

ငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးရောက်ရှိနေတဲ့ ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ပြည်သူတွေနေထိုင်နိုင်ဖို့ ယာယီတဲ ၉၁ လုံး တည်ဆောက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက် ဆန္ဒပြပွဲအနီး မြန်မာ ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာရှိတဲ့ အနုစာဝရီကျောက်တိုင် - Victory Monument မှာ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် နုတ်ထွက်ရေး ဆန္ဒပြနေကြတဲ့ ဧရိယာ အနီးတတိုက်က မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ထိုင်းဘက်မှ စတင်ခြင်းမဟုတ် ဟု ထိုင်းသံရုံးထုတ်ပြန်

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပစ်ခတ်မှုတွေမှာ ထိုင်းနိုင်ငံဘက်က စတင်ခြင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များ ဘန်ကောက်တွင် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံ ခေါင်းဆောင်တွေ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တွေ့ဆုံသွားဖို့ရှိတယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအိုအီဘရာဟင်မ်က ပြောကြားလိုက်ပါတယ်။
Read More

ရွှေကုက္ကိုလ်ကျားဖြန့်မှ ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်းများအား စစ်တပ်နှင့် BGF အများရှေ့တွင် အဖျက်ပြ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်ကျားဖြန့် လုပ်ငန်းအဆောက်အဦးတွေကနေ သိမ်းဆည်းရမိတဲ့ ကွန်ပျူတာနဲ့ မိုဘိုင်းလ်ဖုန်းတွေကို အာဏာသိမ်းစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ ဒီနေ့မှာ ဖျက်ဆီးပြခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod English က ဖော်ပြထားပါတယ်။
Read More

မြန်မာ့အကြမ်းဖက်မှုအား ရှုံ့ချကြောင်း အာဆီယံ ထပ်မံထုတ်ပြန်ရန်ရှိ

အရှေ့တောင်အာရှ၊ တရုတ်၊ ရုရှားနဲ့ အမေရိကန် ထိပ်သီးသံတမန်တွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကနေ စစ်ဘေးသင့်မြန်မာပြည်က အရပ်သားတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း ထုတ်ပြန်ဖို့ရှိတယ်လို့ ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ချက်မူကြမ်းကို ကိုးကားပြီး AFP က ဖော်ပြထားပါတယ်။