ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီး ၁ ယောက်အပါအဝင် ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းက ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းမှာရှိတဲ့ လွယ်ပေါနဲ့ နမ့်ပေါ်လုံ ကျေးရွာတို့ကို ဖယ်ခုံအခြေစိုက် စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးတွေ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက် အပါအဝင် ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ PK Police က ဆိုပါတယ်။

ဇန်နဝါရီလ ၂၀ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း ဖယ်ခုံမြို့နယ်အတွင်း ပြည်သူတွေ တောင်ယာလုပ်နေတဲ့ နေရာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဖယ်ခုံအခြေစိုက် အမြောက်တပ်ဟာ ပြည်သူတွေ နေထိုင်ရာ နေရာတွေကို ဦးတည်ပြီး လက်နက်ကြီးတွေ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ သတိရှိစွာ သွားလာနေထိုင်ကြဖို့နဲ့ ဗုံးခိုကျင်းတွေ ပြုလုပ်ထားဖို့ PK Police က တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်ထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ယမ်းထုတ်ယူဖို့ ကြိုးစားရာက ပေါက်ကွဲပြီး ဒေသခံနှစ်ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ပစ်ထားပြီး မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးကို ယူလာကာ ယမ်းထုတ်ယူဖို့ လုပ်ဆောင်နေစဉ်မှာပဲ ထပေါက်ကွဲလို့ ဒေသခံ ၂ ယောက်လုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

လှိုင်သာယာရပ်ကွက်ရုံး ဗုံးခွဲခံရမှုအတွင်း လုံခြုံရေးယူထားသည့် စစ်သားနှင့် ပျူစောထီးများ မီးလောင်ဒဏ်ရာရ၊ လူငယ် ၂ ဦးဖမ်းဆီးခံထားရပြီး စစ်တပ်က သတင်းဖုံးဖို့ကြိုးစားနေ…

" အထဲမှာအုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေရှိနေပြီး အပြင်ဘက်မှာတော့ စစ်ခ နဲ့ ရခ ၄ ကောင်ပဲရှိတယ်။ လက်လုပ်ချိန်ကိုက်မိုင်း ၂ လုံးနဲ့ ဗုံးသီးအစစ် ၂ လုံးဆိုတော့ ပြင်းအားကတော့ မြင့်ပါတယ်။ စစ်သားနဲ့ပျူစောထီးတွေ မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားကြတယ်လို့တော့ ပြောတယ်။ သေမသေကတော့ အတည်မပြုနိုင်သေးပါဘူး။ " လို့ မြို့ပြကြွက်ကွန်ရက်တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သဲစက်ကို စိတ်မချလို့ သွားကြည့်သည့် ပိုင်ရှင်ဖြစ်သူနှင့် အလုပ်သမားဖြစ်သူ ၂ ဦး စစ်ကော်မရှင်တပ် စနိုက်ပါဖြင့် ပစ်ခတ်လို့ သေဆုံး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အင်ကြင်းမြိုင်ရွာမှာရှိတဲ့ သဲစက်ကို စိတ်မချလို့ သွားရောက်ကြည့်တဲ့ ပိုင်ရှင်ဖြစ်သူနဲ့ အလုပ်သမားဖြစ်သူ ၂ ယောက်ကို စစ်ကော်မရှင်တပ်က စနိုက်ဘာနဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေး ၂ ဦးအပါ ပြည်သူ ၇ ဦး သေဆုံး

ရှမ်းပြည်နယ်‌မြောက်ပိုင်းက မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ယောက် သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

တာမွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်တွေ စစ်မှုထမ်းဖို့ ယာယီ ရွှေ့ဆိုင်းချင်ရင် သိန်း ၄၀ တောင်းခံနေ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်မောင်ဆိုသူက ရပ်ကွက်အတွင်း စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်တွေ စစ်မှုထမ်းဖို့ ယာယီရွှေ့ဆိုင်းချင်ရင် ကျပ်ငွေ သိန်း ၄၀ တောင်းခံနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
Read More

ဘုတလင်တွင် အလင်းဝင်ချင်သည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးကို တော်လှန်ရေးတပ်များက ကယ်ထုတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက် အလင်းဝင်ရောက်လိုတဲ့ စစ်မှုထမ်းတပ်သား ၁ ယောက်ကို ခက်ခက်ခဲခဲ သွားရောက်ခေါ်ထုတ်ပေးခဲ့ရကြောင်း Budalin Mobile Team (BMT) ရဲ့ သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။