ကိုးကန့်တပ်မတော် (MNDAA)နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင်အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံက ဇန်နဝါရီ ၂၀ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။

တရုတ်နိုင်ငံ၊ ကူးမင်းမြို့မှာ စစ်တပ်နဲ့ ကိုးကန့်တပ်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်စလို့ ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်မှာ ဒီသဘောတူညီချက် စတင်အသက်ဝင်တာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မော်နင်းက နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အခုလိုဆွေးနွေးနိုင်ဖို့ ကြားဝင်အားထုတ်ပေးတဲ့ တရုတ်နိုင်ငံကိုလည်း နှစ်ဖက်စလုံးက ကျေးဇူးတင်ကြောင်း ပြောထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဆိုထားပါတယ်။

အပစ်ရပ်ဆွေးနွေးမှုမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA သိမ်းထားတဲ့ လားရှိုးမြို့ အပါအဝင် ရှမ်းမြောက်ဒေသထဲက မြို့အချို့နဲ့ပတ်သက်တဲ့ နယ်မြေပိုင်းခြားမှုတွေအကြောင်းတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အပစ်ရပ်သဘောတူညီချက်ပါ အချက်အလက်တွေကိုလည်း တရုတ်က အသေးစိတ်ထုတ်ပြန် ပြောဆိုလာတာမရှိသလို အကြမ်းဖက်စစ်တပ်နဲ့ MNDAA က တရားဝင်ထုတ်ပြန်တာ တစ်စုံတစ်ရာ မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

မြိတ်ခရိုင်အတွင်း ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က တိုက်တွန်းထားပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း လက်နက်ကြီး မှားယွင်းပစ်ခတ်မှုကြောင့် ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း လက်နက်ကြီးမှားယွင်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၇ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပအိုဝ်းလက်နက်ကိုင်တပ် PNA ပြည်သူ့စစ်က အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့အတူ တပ်ဖွဲ့ရဲ့ စစ်အင်အား ပြသ (ဓာတ်ပုံသတင်း)

ပအိုဝ်းအမျိုးသားတပ်မတော် - PNA က အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အင်အား နှစ်သောင်းကျော်နဲ့ ပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာလ ၃၀ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီအခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ကော်မတီ ဒုတိယ ဥက္ကဌ ဖြားပီတာထွန်းနိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဦးခွန်နေဝင်းထွန်းနဲ့ ဖြားဗွာခမ်း၊ သူရိယခမ်း၊ စင်းသင်းကောင်ခယ် စတဲ့ အကြီးအကဲတွေက တက်ရောက် အမှာစကားပြောခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လူးရွာမှာ တပ်စွဲထားသည့် စစ်အုပ်စုက ဒေသခံ ၅ ဦးကို သတ်ဖြတ်ကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊  နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို သတ်ဖြတ်သွားသလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နွားထိုးကြီးနယ်ခံတွေဆီက သိရပါတယ်။
Read More

ဖလမ်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ပြည်သူတွေမြို့ထဲကို အဝင်အထွက်မလုပ်ဖို့ CNDF အသိပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့အတွင်းအဝင်အထွက်ကို အများပြည်သူအနေနဲ့ လုံး၀မပြုလုပ်ဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။