စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်ကနေ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်တစ်ယောက်ရဲ့ မိခင်ကို ကျပ်ငွေ ၄၅ သိန်းတန်ဖိုးရှိ ဆွဲကြိုးနဲ့ ကျောက်နီနားကပ်တို့ကို ဂုဏ်ပြု ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်အရွယ် ရဲဘော် အောင်ပိုင်စိုးဟာ တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့တာ ဖြစ်ပြီး သားဖြစ်သူအတွက် ပူဆွေးသောကရောက်နေတဲ့ မိခင်ကို ဂုဏ်ပြုပေးတာပါ။

“ကျနော့်ရဲ့ မိခင်အရင်းလိုပါပဲ။ ကျဆုံးရဲဘော်ရဲ့မိခင်ဆိုတော့လည်း ကျနော့်ရဲ့မိခင်ပေါ့။ တော်လှန်ရေးကာလမှာ သံယောဇဉ်ကင်းအောင် အမြဲနေပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်လာရင် နေလို့မရဘူးလေ။ သားအရင်းတစ်ယောက် ပေးဆပ်လိုက်ရတဲ့ မိခင်ရဲ့ ပူဆွေးသောကတွေကို ​ဖြည်သိမ့်ပေးချင်တဲ့သဘောမျိုးပါပဲ” လို့ ဓားမဆိုင်းတပ်ရင်း တာဝန်ရှိသူ ဗိုလ်စွမ်းသူမောင်က မောင်းကို ပြောပါတယ်။

ဓားမဆိုင်းတပ်ရင်းအနေနဲ့ ရှေ့တန်းတာဝန်တွေ ခေတ္တနားထားတဲ့ အခိုက်အတန့်မှာ ကျဆုံးရဲဘော်ရဲ့ မိခင်ကို အခုလို သွားရောက်နှစ်သိမ့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေ့ကော်မြို့နယ်အနီးက စွယ်တောက်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး၊ ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ မိတ်ဖက် ရုရှားက လျှပ်စစ်အပါအဝင် စီးပွါးရေးလုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမည်ဟု ဆို

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍအပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့တွေ့ဆုံစဉ်မှာ ရုရှားက ပြောကြားလိုက်ပါတယ်။
Read More

TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူယစ်ဆေးဝါးသုံးစွဲသူ (၁၂၆)ဦးနှင့် ဖြန့်ဖြူးရောင်းချသူ (၁၃)ဦး ဖမ်းဆီးခဲ့…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ခရိုင်တွေဖြစ်တဲ့ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နဲ့ နမ့်ခမ်းခရိုင်တို့မှာ TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၂၆) ယောက်နဲ့ ဖြန့်ဖြူးရောင်းချသူ (၁၃) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မီးဖြတ်ခံရတာ ၁လနီးပါးရှိလာပြီဖြစ်တဲ့ ဖားကန့်မြို့…

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁လနီးပါးအထိ ကြာမြင့်လာတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရပြီး ရဲဖြစ်လာသူ လက်နက်နဲ့တကွ အလင်းဝင်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုတင် ၁၀၀ ဆေးရုံမှာ လုံခြုံရေးတာဝန်ကျနေတဲ့ မိတ္ထီလာရဲတပ်ရင်း (၃၅) က ရဲတပ်သား ၁ယောက်ဟာ Southern YSO PDF ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်း က မောင်းကိုပြောပါတယ်။