စစ်ကိုင်းမြို့က  ဆားတောင်ရဲစခန်းနဲ့ အထက ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောဖီးတွေကို ၂ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းကို Royal Falcon Guerilla Force က ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နဲ့ ၁၇ ရက်နေ့တွေမှာ  စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်း၊ အ ထက်တန်းကျောင်း – အထက အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့များကို ဒရုန်းနဲ့ ကြဲချတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

နှစ်ရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ရုပ်သံ- Royal Falcon Guerilla Force

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်တွေ ထုတ်လုပ်ထားတဲ့ လက်နက်ကြီးနဲ့ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း မေလ ၅ ရက်နဲ့ ၆ ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို Hell Cannon လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF အဖွဲ့ထံက သိရပါတယ်။
Read More

ရေစကြိုမြို့မရဲစခန်းကနေ လမ်းကင်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်မှု ၅ ဘောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်းရေစကြိုမြို့နယ် မြို့မရဲစခန်းကနေ လမ်းကင်းယူဖို့ ထွက်လာတဲ့ အင်အား ၁၅ ယောက် ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၂၈ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ၅ ယောက် အပြင်းအ ထန်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

Popa Guerilla Force (PGF) တပ်ဖွဲ့ အပတ်စဉ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး (ရုပ်/သံ)

Popa Guerilla Force (PGF) တပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၄ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့တွင် စစ်သားများ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီး ကားပေါ်ပါတဲ့ ၄ ယောက်လုံး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့ မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ မော်တော်ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေပြီး သေနတ်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ Young Force - UG အဖွဲ့ထံက သိရပါတယ်။
Read More

မင်းလက်ပံရွာအနီး အကြမ်းဖက်စစ်တပ်နှင့် KNU တို့ တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မင်းလက်ပံရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တို့ နိုဝင်ဘာ ၃၀ ရက်ညပိုင်းက တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

KNDF စစ်ရေးချုပ် ခူးရီးဒူ၏ ရဲဘော်တွေထံ ညွန်ကြားချက် (ရုပ်/သံ)

"တော်လှန်ရေးမှာ တာဝန်အကျေဆုံးက လူထုပဲ၊ မင်း ဘယ်ရှုထောင့်ကနေပဲတွေးတွေး လူထုက တာဝန်အကျေဆုံးပဲ၊ လူထုထက်တာဝန်ကျေတဲ့သူ ဘယ်သူမှမရှိဘူး၊ သူတို့ကို ညှာတာပါ ကိုယ်ချင်းစာပါ မင်းတို့ငါတို့"