မွန်ပြည်နယ်က တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်းကာ “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းလိုက်ကြောင်းကို ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်မှာ ပူးတွဲသတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က သက်ဆိုင်ရာတပ်ဖွဲ့တွေဟာ လွတ်မြောက်နယ်မြေတစ်နေရာမှာ တွေ့ဆုံခဲ့ပြီး “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

“ရည်ရွယ်ချက်ကတော့  အနာဂါတ်မှာ မွန်တော်လှန်ရေးတပ်များ အားလုံးပူးပေါင်းပါဝင်သည့် မွန်တပ်တော် တစ်ခုတည်း ဖြစ်ပေါ်လာရေး မူအရ ခုလို ပထမ ခြေလှမ်းအနေနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်” လို့ ရာမညပူးတွဲစစ်ကြောင်းရဲ့ ပြန်ကြားရေး ဒုတာဝန်ခံ မာဃ က မောင်းကို ပြောပါတယ်။ 

ဒါ့အပြင် အခုလို စုဖွဲ့မှုနောက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ ရည်မှုန်းချက်လည်း ရှိတယ်လို့ သူဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အဆိုပါ မွန်တော်လှန်ရေးတပ်ဖွဲ့ (၄)ဖွဲ့က တစ်ခုတည်းသော မွန်တပ်တော် ပေါ်ပေါက်လာရေးကို မျှော်မှန်းပြီး စစ်ရေးအရ ပူးပေါင်းဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ 

မာဃ ကပဲ ဆက်လက်ပြီး “ကိုယ့်ရဲ့မွေးရာပါအခွင့်အရေးတွေ ဆုံးရှုံးထားတဲ့ နိုင်ငံမှာ ကိုယ့်ကိုယ်ပိုင်မွေးရာပါ အခွင့်အရေးတွေအတွက် ကိုယ်တိုင်ယူမှရမယ် ဆိုတဲ့အသိတရားနဲ့ အနာဂတ် မျိုးဆက်တွေအတွက် ဒီလို သမိုင်းဆိုးတွေ ဖြစ်ရပ်ဆိုးတွေ ထပ်မကြုံရစေဖို့ ကျနော်တို့နဲ့ အတူတူ အာဏာရှင်စနစ်ကို တိုက်ထုတ်ပြီး အနာဂတ် ပြည်ထောင်စုသစ်ကို ဖန်တီးတည်ဆောက်နိုင်ကြဖို့အတွက် အားလုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ဆိုပါတယ်။ 

လက်ရှိ ဖွဲ့စည်းမှုကနေစလို့ ရာမညပူးတွဲစစ်ကြောင်းအနေနဲ့ မွန်ပြည်နယ်မှာ စစ်ရေးအရ လှုပ်ရှားဆောင်ရွက်မှုတွေ ရှိလာမှာဖြစ်ပြီး တခြားသော တော်လှန်ရေးအဖွဲ့အစည်း အားလုံးနဲ့လည်း ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ပူးတွဲထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

ကျိုက်မရောမှာ ကောက်ယူရရှိသည့် စစ်ကောင်စီထုတ် မိုင်း ၂ လုံးကို ထုခွဲတာကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ကောက်ယူရရှိတဲ့ အကြမ်းဖက်စစ်ကောင်စီထုတ် မိုင်း ၂ လုံးကို ထုခွဲရာက အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA က ထုတ်ပြန်ထားပါတယ်။
Read More

မြို့သာကို စစ်အင်အားဖြည့်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး သေဆုံးမှုများ ရှိ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာကို အင်အားဖြည့်ဖို့ထွက်လာတဲ့ အကြမ်ဖက်စစ်တပ် ယာဉ်တန်းကို ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့တယ်လို့ SPECIAL TASK FORCE တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အပြင်မထွက်၊ အသံတိတ်သပိတ် ပြုလုပ်မည်

“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်းက ကြားအောင် လုပ်ဆောင်ရမယ်” လို့ GSCB က ဆိုပါတယ်။
Read More

အောင်လံနယ်ရှိ မင်္ဂလာဆောင်ကို အကြမ်းဖက်စစ်တပ်လေကြောင်းဗုံးကြဲ ဒေသခံ ၃ ဦးသေဆုံး၊ ၁၀ ဦးဝန်းကျင် ဒဏ်ရာရ

မကွေးတိုင်း ၊ အောင်လံမြို့နယ်ရှိ မင်္ဂလာဆောင် တစ်ခုကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့တာကြောင့် ထိခိုက်သေဆုံး သူတွေရှိခဲ့တယ်လို့ အောင်လံလူထုအဖွဲ့ဆီက သိရပါတယ်။
Read More

လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်ဂိတ်စခန်းကို PDF ဝင်ပစ်ရာ စစ်အုပ်စု ကြောက်လန့်တကြား ထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပျူစောထီးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုတွေ ကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၁) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။