ရက္ခိုင့်တပ်တော် AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၁) စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း (၂၈) ယောက် သေဆုံးပြီး (၂၅) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ AA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်ပွဲတွေအတွင်း လက်ရဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ထားရှိရာနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဇန်နဝါရီလ (၁၈) ရက် ညနေပိုင်းမှာ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း (၂၈) ယောက် သေဆုံးပြီး (၂၅) ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲက တချို့ဟာ အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာပြင်းထန်သူအချို့ နောက်ထပ်သေဆုံးသူစာရင်းထဲမှာ ရှိလာနိုင်တယ်လို့ AA က ဆိုပါတယ်။

အဲ့ဒီ သေဆုံး/ဒဏ်ရာရရှိတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေဟာ ရခိုင်ဒေသ စစ်ပွဲတွေအတွင်း ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မိသားစုဝင်တွေ ဖြစ်ပြီး မကြာမီအချိန်ကာလတစ်ခုမှာ ပြန်လည်လွှတ်ပေးဖို့ စီစဉ်ထားသလို အခုနေရာမှာ ယာယီထိန်းသိမ်းထားတာဖြစ်တယ်လို့ AA က ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ ဈေးတွေ၊ ဘာသာရေးအဆောက်အုံတွေ၊ လမ်းတံတားတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေထူထပ်တဲ့နေရာတွေမှာ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို တရားလက်လွတ် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ AA က ဆိုပါတယ်။

၂၀၂၅ ခုနှစ် အစောပိုင်းကာလကစလို့ အခုလိုအကြမ်းဖက်တိုက်ခိုက်မှုတွေကို စစ်ကောင်စီက ခပ်စိပ်စိပ်ပိုမိုပြုလုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အရင်ထက် ပိုမိုသတိထားဖို့နဲ့ အင်တာနက်၊ ဖုန်းသုံးစွဲမှုတွေကိုလည်း သတိထားသုံးစွဲဖို့ AA က သတိပေးတိုက်တွန်းထားပါတယ်။

မြောက်ဦးမြို့ကို AA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၄ ဖေဖော်ဝါရီ ၈ ရက်မှာ သိမ်းယူထားခဲ့တာဖြစ်ပြီး အဲဒီနေရာကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဧပြီလတုန်းကလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလကလည်း ရခိုင်ပြည်နယ်၊ ပေါက်တောနဲ့ မောင်တော မြို့နယ်ထဲက စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားရာနေရာကို လေကြောင်းဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း ၅၇ ယောက် သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

AA အနေနဲ့ ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ စကခ (၉) စကခမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အပါအဝင် စစ်ကောင်စီ အရာရှိစစ်သည် အများအပြားကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၆) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း (Myingyan Black Tiger-MBT) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၆) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း  ၃ ကြိမ် စစ်တပ်လေကြောင်းတိုက်ခိုက်၊ တနင်္သာရီမြို့နယ်မှာ ၂ လနီးပါး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၇ ဦးထက်မနည်း သေဆုံးခဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲများကြောင့် ကားလမ်းများ ပိတ်ထားကာ ကုန်ဈေးနှုန်းများ ထပ်တက်လာမှာကို ပြည်သူများ စိုးရိမ်နေကြ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးရွာတွေဘက်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် လမ်းပိုင်းတချို့ကို ပိတ်ထားပြီး ကုန်တင်ကားတွေလည်း သွားလာရခက်ခဲနေကြပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုတပ်စွဲနေတဲ့ မဒေါက်ရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်တိုက်ခိုက်သိမ်းပိုက်…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ တပ်စွဲနေထိုင်တဲ့ မဒေါင်ရွာကို တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ယူပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဂွမြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ လက်တစ်ကမ်းသာလိုတော့ဟု AA ထုတ်ပြန်

ဧရာ၀တီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်က ဂွမြို့ ကို အာရက္ခတပ်တော် AA က လက်ရသိမ်းဆည်းနိုင်ဖို့ အနီးစပ်ဆုံးကို ရောက်ရှိနေပြီဖြစ်ကြောင်း AA က ဒီဇင်ဘာ ၂၁ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီစခန်းကုန်းတွေဆီ ရောက်လာမယ့် FW (Hercules)

လက်ရှိတော်လှန်ရေးမှာ မြေပြင်ရဲဘော်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။