ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁၁ ရက်ကနေ ဇန်နဝါရီလ ၁၇ ရက်အထိ ၇ ရက်တာကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ KNU-KNLA၊ အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးပြီး (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခုအပတ်အတွင်းမှာ ကော့ကရိတ်-အာရှလမ်းရှိ အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီတပ်စခန်းငယ် တစ်ခုကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေမှာ လက်နက်ငယ် ၁၁ လက်၊ လက်နက်ကြီး ၁ လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ အခြား စစ်ဘက်သုံးပစ္စည်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်မှာ အထိနာနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကိုပါမချန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ပုံစာ – မြဝတီ-ကော့ကရိတ် အာရှလမ်းမတိုက်ပွဲမှာ သိမ်းဆည်းရမိခဲ့တဲ့ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းများ…
0 Shares:
You May Also Like
Read More

ကျောက်ပန်းတောင်းလမ်းပိုင်းတစ်နေရာတွင် ပျူစောထီးခေါင်းဆောင်နှင့် အဖော်အမျိုးသမီး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ပျူစောထီးခေါင်းဆောင် ၁ယောက် စီးနင်းလာတဲ့ ကားကို စောင့်ကြို ဖမ်းဆီးရင်း အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Popa Guerilla Force (PGF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မတ္တရာစစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်မှု ဂုဏ်သိက္ခာကင်းမဲ့တဲ့ တိုက်ခိုက်မှုဟု MDY-PDF ရှုတ်ချ

မန္တလေးတိုင်း၊ မတ္တရာမြို့က စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဟာ ဂုဏ်သိက္ခာကင်းမဲ့တဲ့ စစ်ရာဇဝတ်မှုကိုပြောင်‌ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မန္တလေး PDF က မနေ့က အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

Unity Generation Z PDF တပ်ဖွဲ့က စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် Unity Generation Z ( UGZ ) PDF တပ်ဖွဲ့က ရဲဘော်တွေဟာ ပြည်သူ့လုံခြုံရေးကဏ္ဍအနေနဲ့ စစ်ရှောင်ထောက်ပံ့ကူညီရေးလုပ်ငန်းစဥ်တွေ ပြုလုပ်နေတယ်လို့ အဆိုပါတပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ နပခ က ဗိုလ်ကြီး ဦးဆောင်တဲ့ စစ်သုံ့ပန်း ၁၂ ယောက်ကို ဖမ်းဆီး ထိန်းသိမ်း ဆေးကုပေးနေ

ရခိုင်ပြည်နယ်၊ အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) က ဗိုလ်ကြီး ဦးဆောင်တဲ့ စစ်သုံ့ပန်း  ၁၂ ယောက်ကို စနစ်တကျ ဖမ်းဆီးထိန်းသိမ်းထားသလို ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးနေတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) က ထုတ်ပြန်ပါတယ်။
Read More

အောင်လံ၊ ဆပ်ဆူဝရွာတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၂ ဦးအပါ ၄ ဦး သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတွေအပါ အရပ်သား သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်နီမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီ ကန့်သတ်ထိန်းချုပ်နေ

ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။