တရုတ်နိုင်ငံသား မော်ဒယ်ဖြစ်သူ Yang Zheqi ဟာ ရုပ်ရှင်ရိုက်ရမယ်လို့ လိမ်လည်လှည့်ဖြားခံရပြီး ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံ၊ မြဝတီမြို့ကို လူကုန်ကူးခံရပေမယ့် အခုချိန်မှာတော့ နေအိမ်ကို ပြန်လည်ရောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
Yang Zheqi ဟာ ထိုင်းနိုင်ငံကို အလုပ်ကိစ္စနဲ့ သွားရောက်ရင်း ဒီဇင်ဘာကုန်ပိုင်းမှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး သူ့ရဲ့ မိသားစုက ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ် ကစ်ရက်ပန်ဖက်ကို ဆက်သွယ်ပြီး လူပျောက်မှုကို စုံစမ်းပေးဖို့ အသနားခံခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၇ ရက်မှာတော့ Yang Zheqi ကို ကယ်ဆယ်ပြီးကြောင်းနဲ့ တရုတ်နိုင်ငံကို ပြန်ရောက်ပြီ ဆိုတာကို တရုတ်သံရုံးဆီက တရားဝင် အတည်ပြုချက်ထားပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိလာပြီးတဲ့နောက်ထိုင်း နဲ့နယ်စပ် မြန်မာဖက်ခြမ်းမှာ အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ လူကုန်ကူး ဖမ်းဆီးမှုကို ခံခဲ့ရတယ်လို့ ယူဆရတဲ့ နိုင်ငံခြားသားတွေ ပျောက်ဆုံးမှု အားလုံးကို အင်တိုက်အားတိုက် စုံစမ်းနေတယ်သလို သက်ဆိုင်ရာ နိုင်ငံတကာ သံရုံးတွေနဲ့ ချိတ်ဆက်ပြီး အကူအညီပေးမှုတွေလည်း ရှိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။
Yang Zheqi နေရပ်ပြန်ရောက်တာ ဟုတ်မှန်ကြောင်း သူ့ရဲ့ မိသားစုက အတည်ပြုထားသလို အကူအညီပေးခဲ့တဲ့ တရုတ်သံရုံးနဲ့ ထိုင်းအာဏာပိုင်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တရုတ်လုံခြုံရေးဝန်ကြီးဌာနကလည်း Yang Zheqi အပါအဝင် တခြားဒီလိုအဖြစ်မျိုး ကြုံခဲ့ရသူတွေကိုလည်း ကယ်တင်ပြီး တရုတ်နိုင်ငံကို ပြန်ပို့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်မင်းသား Wang Xing အပါအဝင် တရုတ်နိုင်ငံသား အများအပြား ပျောက်ဆုံးတာ၊ ဖမ်းဆီးခံရတာတွေ ဖြစ်လာပြီးနောက် တရုတ်နဲ့ ထိုင်းရဲတပ်ဖွဲ့တွေက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပြီး သံသယရှိသူ ၁၂ ယောက်ကို ဖမ်းဆီးထားသလို နယ်စပ်ဖြတ်ကျော် လိမ်လည်မှုတွေနဲ့ပတ်သက်လို့ နှိမ်နှင်းမှုကို ပြင်းပြင်းထန်ထန် ဆက်လုပ်သွားမယ်လို့လည်း တရုတ်-ထိုင်းနှစ်နိုင်ငံကြား ကတိပြုထားပါတယ်။
0 Shares:
You May Also Like
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်တပ်၏ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်ထား

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ နယ်စပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တရုတ်ကျားဖြန့် ရာနှင့်ချီ ထိန်းသိမ်းထားသည့် မဲဆောက်ရှိ စခန်းတခုတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား၊ လွတ်မြောက်သူရှိမရှိ စစ်ဆေးနေဆဲ

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖြိုခွင်းနေမှုအတွင်း ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၃၀၀ ခန့်ကို ထိန်းသိမ်းထားတဲ့ မဲဆောက်မြို့က စခန်းတခုမှာ ဒီဇင်ဘာ ၉ ရက် ညက ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။
Read More

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ကွယ်လွန်၊ အာဆီယံထိပ်သီးအစည်းအဝေး တက်မည့် ထိုင်းဝန်ကြီးချုပ် ခရီးစဥ် ပယ်ဖျက်…

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ဆီရီကစ် ကစ်တီယာကာယာဟာ အသက် ၉၃ နှစ် အရွယ်မှာ ဘန်ကောက်မြို့တော်က ဆေးရုံတစ်ခုမှာ အောက်တိုဘာ ၂၄ ရက် ညပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့တယ်လို့ တော်ဝင်အိမ်တော်ရေးရာဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလိုင်ဒက်ဂျ်ရဲ့ မိဖုရားခေါင်ကြီးဖြစ်ခဲ့သူ ဆီရီကစ်ဟာ ၂၀၁၉ ခုနှစ်ကစလို့ ပြင်းထန်ပြီး ရှုပ်ထွေးတဲ့ ရောဂါမျိုးစုံ ခံစားနေခဲ့ရတာကြောင့် ဆေးရုံမှာပဲ အနေများခဲ့သူဖြစ်ပြီး အခုလပိုင်းအတွင်း သွေးထဲကို ပိုးမွှားဝင်ရောက်တဲ့ ပြဿနာ တစ်ခု ကြုံခဲ့ရတယ်လို့ သိရပါတယ်။
Read More

တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု လာအိုကန့်သတ်

မြန်မာပြည်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်စပ်၊ တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု ကန့်သတ်ကြောင်း လာအိုအစိုးရက ဖေဖော်ဝါရီလ ၆ ရက်မှာ ပြောဆိုခဲ့တယ်လို့ တရုတ်သတင်း Xinhua က ဖော်ပြပါတယ်။
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲအတုကို လက်မခံဖို့ အပါအဝင် အချက် ၅ချက်ကို ကိုရီးယားလွှတ်တော်တွင် NUG တောင်းဆို

မြန်မာပြည်သူတွေဟာ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ထားကြပြီးဖြစ်တာကြောင့် အဆိုပါ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အပါအဝင် အချက် ၅ ချက်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကိုရီးယားလွှတ်တော်မှာ မနေ့က ‌တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာကိုယ်စားပြုယှဥ်ပြိုင်သည့် ချင်းတိုင်းရင်းသားလေး ဗန် UFC ဖလိုင်းဝိတ်တန်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ပြီ

ဒီနေ့ပွဲရဲ့ ဒုတိယခေါင်ပွဲလည်းဖြစ် ဖလိုင်းဝိတ်ချန်ပီယံလုပွဲလည်းဖြစ်တဲ့ UFC 323 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ချင်းတိုင်းရင်းသားလေး ဗန် နဲ့ ကမ္ဘာ့ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာတို့ထိုးသတ်ခဲ့ရာ၊ ပထမအချီအစမှာပဲ ပန်တိုဂျာ လက်ကျိုးသွားခဲ့တာကြောင့် ပြိုင်ဖက် ဗန် က UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူသွားခဲ့ပါတယ်။