ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် – KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ရက် မနက်ပိုင်းမှာ ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီသင်တန်းမှာတော့ KNDF အမှတ်(၈)ဗျူဟာ လက်အောက်ခံ တပ်ရင်းအသီးသီးရှိ စုစုပေါင်း သင်တန်းသားဦးရေ (၁၀၀)ကျော် တက်ရောက်ပြီး အမျိုးသမီး သင်တန်းသူ ၃၀ ရာခိုင်နှုန်း ပါဝင်ကာ သင်တန်းတက်ရောက် အောင်မြင်ခဲ့ပြီဖြစ်သလို သင်တန်းသားတွေဟာ မိမိတို့၏ စစ်ရေးအခြေစိုက်ဒေသက ကဏ္ဍအသီးသီးမှာ ပါဝင်ထမ်းဆောင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုကော်မတီဝင်တွေ၊ ဒုစစ်ရေးချုပ် ဆရာမင်းသား၊ အမှတ်(၁)ဗျူဟာနဲ့ အမှတ် (၈)ဗျူဟာက ဗျူဟာမှူးများ၊ ရှမ်းတောင် စစ်ဦးချုပ်၊တပ်ရင်းအသီးသီးရှိ တပ်ဗိုလ်၊ တပ်မှူးများနဲ့ ရပ်မိရပ်ဖများ စတဲ့ဧည့်သည်တော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားမှာ သင်တန်းသားတွေ စစ်ရေးချီတက်ခြင်း၊အလံတော်တင်ခြင်းနဲ့ ကျဆုံးရဲဘော်များ အလေးပြုခြင်း၊ တာဝန်ရှိပုဂ္ဂိုလ်တွေက အားပေးအမှာစကားတွေ ပြောကြားခြင်းနဲ့ စစ်ကြောင်းပြန်လာထွက်ခွါခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခံရမှုဖြစ်စဥ်မှ ကလေးငယ် ၂ဦး ထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၂၄ဦးအထိရှိလာ

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရထားတဲ့ ကလေးငယ် ၂ယောက်ထပ်မံ သေဆုံးသွားတာကြောင့် စုစုပေါင်းသေဆုံးသူ ၂၄ယောက်အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးနှင့် သပိတ်ကျင်းတွင် MDY-PDF က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်းရှိ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်စစ်မြေပြင်မှာ KNDF တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်စစ်မြေပြင်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၈ ဦးသေကာ ဒရုန်း ၁စီး ပျက်စီး၊ ဂျိုးကန်ရွာကို စစ်ကောင်စီ မွှေနှောက်ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒရုန်းတွေပစ်ချနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၈ယောက်ထိခိုက်သေဆုံးခဲ့ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြိတ်ခရိုင်အတွင်းက လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ သွားလာကြပါ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလောမြို့နယ်၊ မြိတ်မြို့နယ် နဲ့ တနင်္သာရီမြို့နယ်တို့က လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က အသိပေးထုတ်ပြန်လာပါတယ်။
Read More

စစ်ကောင်စီကြောင့် ချင်းမှာ ၄ နှစ်အတွင်း အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ထောင်နီးပါး သေဆုံးခဲ့ရ

ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အရပ်သားနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း တစ်ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ပါတယ်။