စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအဆင့်အပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ Chindwin Rocket Brothers -CRB တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ဇန်နဝါရီလ ၁၄ရက်နေ့ မနက်အစောပိုင်းမှာ တော်လှန်ရေးအဖွဲ့များက အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ရော့ကတ်အလုံး ၃၀ နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုင်းစစ်ဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ(PSO) ဗိုလ်ကြီးကောင်းခန့်ဇော်၊ တပ်ကြပ်ကြီး၁ယောက်နဲ့ အမှတ် ၁၂ အဆင့်မြင့်ဆက်သွယ်ရေးတပ်က ဗိုလ်ကြီး အပါအဝင် အခြားသေဆုံးသူ ၁၁ ယောက်ထက်မနည်းအထိ ရှိခဲ့တယ်လို့ သိရတာပါ။
ဒါ့အပြင် ကိုယ်လက်အင်္ဂါပြတ်တောက်သွားတဲ့သူတွေနဲ့ မီးလောင်ခံရသူတွေကို တပ်နယ်တွင်းက သံပြားကာကားတွေနဲ့အတူ တဆ ၄ ၃၀၀၊ ခုတင် ၃၀၀ တပ်ဆေးရုံနဲ့ မုံရွာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေကိုတော့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ နမခ စစ်သင်္ချိုင်းနဲ့ အလုံ သရဏဂုံသင်္ချိုင်းတွေမှာ နာရေးပြုလုပ်ခဲ့ကြောင်း Chindwin Rocket Brothers -CRB က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဆီ အသစ်ပြောင်းရွှေ့လာတဲ့ တိုင်းမှူးမျိုးမင်းထွေးကို ဧည့်ခံ ကြိုဆိုတဲ့အနေနဲ့ စစ်ဆင်ရေးတစ်ခုအဖြစ် လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။
” ရမခ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) ကနေ စစ်ရှုံးပြီးပြေးလာတဲ့ မျိုးမင်းထွေးက နမခတိုင်းမှူးအဖြစ်နဲ့ ရောက်နေတာ ၁လ ကျော်လောက်ရှိပြီထင်ပါတယ်။ ဒီဇင်ဘာလက ရောက်လာတာပါ။ သူ့ကိုဧည့်ခံကြိုဆိုတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ” လို့ Chindwin Rocket Brothers -CRB အဖွဲ့တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Chindwin Rocket Brothers -CRB အနေနဲ့ မုံရွာ နမခ ကို ပြီးခဲ့တဲ့နှစ် ၂၀၂၄ ၊ ဇန်နဝါရီလ ၄ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုတိုက်ခိုက်မှုဟာ ၁နှစ်အတွင်း ၅ကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ကြောင်းနဲ့ ၁လ ကျော်ပြင်ဆင်ခဲ့ရတဲ့ မစ်ရှင်အတွက် သိန်း၁၅၀ ကျော်ကုန်ကျခဲ့ရတယ်လို့လည်း သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ရှော့တိုက်ရော့ကတ်ကျည်တွေဟာ စစ်တိုင်းရုံးဝန်းအတွင်းမှာရှိတဲ့ တိုင်းရုံးကြီး၊ တိုင်းမှူး အိမ်ယာဝန်း၊ အရာရှိကြီးနေအိမ် (၇) လုံး တန်းဝန်း၊ ငွေစာရင်းရုံး အနီး၊ စစ်ရေးပြ (ပရိတ်)ကွင်း၊ ဇေယျာသီရိခန်းမအနီး ၊ ရိက္ခာဖြန့်ဝေဌာနအနီး၊ ရဟတ်ယာဥ်ကွင်းသစ် Mi-35P ခဲယမ်းသိုလှောင်ရုံအနီး ဂိတ်ကင်းတဲ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ (105mm M2A1 Howitzer) ပစ် ကွင်း၊ WMA-301 သံချပ်ကာယာဥ်နဲ့.Nora B-52 155mm ယာဥ်တင်အမြှောက်ကြီးထားရာ မော်တော်ယာဥ်ရုံအနီး၊ စစ်သည်နေအိမ် (၆ ခန်းတွဲ) တို့ဆီ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆရ-၁၂ (အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း) ရဲ့ စစ်သည်ရိပ်သာ ၁ ဆောင်ပြိုကျခဲ့သလို မဆရ-၇ (စစ်မြေပြင်ဆေးတပ်ရင်း) ၊ စစ်သည်လူပျိုဆောင်နဲ့ လစရ-၆(လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတပ်ရင်း)က စစ်သည်ရိပ်သာ ၁ ဆောင် အမိုးပွင့်ခဲ့ပြီး ထပရ-၉၂၉ (ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း) ဆန်ပဲ ဂိုဒေါင် နဲ့ နမခတပ်နယ် မြောက်ဘက် ၁၂၀မမ (MK-6,MK-II) အထိုင်ကာကင်းစခန်းအနီးတို့ဆီ ကျရောက်ပေါက်ကွဲခဲ့တာတွေလည်းရှိတယ်လို့ Chindwin Rocket Brothers -CRB က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)ကဦးဆောင်ခဲ့ပြီး မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Anonymous Heroes၊ ချိုမိုင်မိုင်(ကနီ)၊ Advance-47၊ Chindwin Brothersနဲ့ ဗိုလ်မုတ်ဆိတ် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။
ဒါ့အပြင် NAS-နပ်စ် လေကြောင်းရန်နဲ့ ရင်းမြစ်ဌာနေကလည်း မစ်ရှင်ဖော်ဆောင်ဖို့အတွက် စစ်ကောင်စီရဲ့လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကာကွယ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပုံစာ- Chindwin Rocket Brothers -CRB ရဲ့ လက်နက်ကြီးပစ်ခတ်မှုပုံရိပ်
0 Shares:
You May Also Like
Read More

NUG အစိုးရက အကျဉ်းသားနဲ့ အကျဉ်းသူ ၁၆၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပြု၊ ကျန်အကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်ဒဏ် သုံးပုံတစ်ပုံ လျှော့ပေါ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အကျဉ်းသားနဲ့ အကျဉ်းသူ ၁၆၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး ကျန်တဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်ဒဏ် ၃ ပုံ ၁ ပုံ လျှော့ပေါ့ပေးလိုက်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ နှစ်သစ်ကူးနေ့ မနက်ပိုင်းမှာ အမိန့် ထုတ်ပြန်ထားပါတယ်။
Read More

NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေ ၀င်ရောက်ပူးပေါင်းပေးဖို့ NUG တောင်းဆို

NUG လက်အောက်ကမဟုတ်ဘဲ စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုများ၀င်ရောက်ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့အမျိုသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
Read More

Sky Villa ကွန်ဒို အပျက်အစီးများအကြား ကလေး ၁ ဦးအပါ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

တစ်နိုင်ငံလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုကနေ ဧပြီလ ၂၄ ရက် ဒီနေ့မှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၆ ယောက် သေပြီး အယောက် ၂၀ ဒဏ်ရာရ

မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းကို Mission 22 အဖြစ် ၁၀၇ မမရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး အယောက်၂၀ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်တပ်က ၁၀ ဦးသေပြီး ၇ ဦးအရှင်ဖမ်းမိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က ၁၀ ယောက်သေဆုံးပြီး ၇ ​ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Falcons Guerrilla Force (စွန်ရဲ) တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

နိုင်ငံစီးပွားရေးကျဆင်းမှု၏ တရားခံ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က GDP တိုးတက်အောင်လုပ်ကြရန် ပြောကြား

အာဏာသိမ်းလိုက်လို့ ကျဆင်းသွားတဲ့ နိုင်ငံစီးပွားရေးကို မြှင့်တင်ဖို့အတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွေ့ဆုံပွဲမှာ ပြည်တွင်းထုတ်လုပ်မှု  (GDP) တိုးတက်အောင် လုပ်ကြဖို့ ပြောဆိုခဲ့ပါတယ်။