ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် စစ်ဘေးရှောင်ရန်ပုံငွေရုပ်ရှင်ပြပွဲကို တော်လှန်ပြည်သူတွေ လာရောက်အားပေးကြဖို့ တော်လှန်အနုပညာရှင် ဒေါင်းက ဖိတ်ခေါ်လိုက်ပါတယ်။

ဒီပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေ ၁၀၀ ရာခိုင်နှုန်းကို စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးဒေသတွေမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ရည်ရွယ်ပြီး ကူညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင်ပြပွဲကို ဇန်နဝါရီ ၂၀ ရက် ညနေ ၃ နာရီကနေ ၈ နာရီအထိ ချင်းမိုင်ယူနီဗာစတီမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့ဒီမိုကရေစီအရေး ကူညီပေးရန် ကိုရီးယားရောက် မြန်မာများ သမ္မတထရမ့်ထံ တောင်းဆိုဆန္ဒပြ (ရုပ်/သံ)

အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ကိုရီးယားနိုင်ငံ ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကိုရီးယားရောက် မြန်မာတွေက အကြမ်းဖက်စစ်တပ် ဗုံးကြဲသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို သိရှိစေဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကူညီပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမှာ မိုင်းရှင်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ကနေ မိုင်းရှင်းဖို့လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

ဖရူဆိုမြို့ထဲက ရပ်ကွက်အချို့ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကရင်နီဒေသက ဖရူဆိုမြို့နယ်ထဲက ရပ်ကွက်နှစ်ခုက နေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

မော်လိုက်မြို့နယ်ရှိ ထော်သာစခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ထော်သာစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မောတောင်စခန်းတိုက်ပွဲအတွင်း စစ်ကောက်မရှင်တပ် ဒုတပ်ရင်းမှူးက ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ (ရုပ်/သံ)

တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှာကို တစ်ပတ်ကြာ ကြိုသိခဲ့ပေမယ့် စစ်တပ်တာဝန်ရှိသူတွေက ဘာမှပြင်ဆင်မှုတွေ မလုပ်ခဲ့ဘူးလို့ မောတောင်စခန်းမှာ ဖမ်းဆီးမိခဲ့တဲ့ စစ်သုံ့ပန်းတွေက ဆိုပါတယ်။
Read More

ရွှေဘိုမြို့နယ် အိုးဘိုနဲ့ ချီပါရွာကြား အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်မှု တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အိုးဘိုနဲ့ ချီပါရွာကြားမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ ရွှေဘိုတိုက်နယ် ၅ ဂဠုန်ကြီး ပြည့်သူ့ကာကွယ်ရေးအဖွဲ့ ပကဖထံက သိရပါတယ်။