ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လိမ်လည်မှု မခံရစေဖို့အတွက် အသိပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်နေတယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေက အင်္ဂလိပ်၊ ထိုင်း၊ တရုတ် ၃ ဘာသာနဲ့ ရေးသားထားတဲ့ အသိပညာပေး ဗီနိုင်းပိုစတာတွေကို လိုက်ကပ်နေသလို ထိုင်းနယ်စပ်တလျှောက်မှာလည်း ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။

လိမ်လည်မှု၊ လူကုန်ကူးမှု ခံရသူတွေအနေနဲ့ အကူအညီတောင်းနိုင်မယ့် ဖုန်းနံပါတ်တွေကိုလည်း ရေးသားထားတယ်လို့ သိရပါတယ်။

လက်ရှိ ၂၀၂၅ ခုနှစ်ထဲမှာပဲ တရုတ်ရုပ်ရှင်သရုပ်ဆောင် ဝမ်ရှင်း အပါအဝင် တရုတ်နိုင်ငံသားတချို့ ထိုင်းမြန်မာ နယ်စပ်မှာ လူကုန်ကူးခံရမှုတွေ ရှိသလို ဒီရက်ပိုင်းမှာပဲ ထိုင်းဝန်ကြီးချုပ်ကို ကျားဖြန့်​ဂိုဏ်းတစ်ခုက AI နည်းပညာနဲ့ ဆက်သွယ်လိမ်လည်ဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် စစ်ကောင်စီကို ထောက်ပံ့မယ့်သဘော တရုတ်ဘက်က ပြော

မြန်မာပြည်ရဲ့ ဆိုးရွားလာတဲ့ ပြည်တွင်းပဋိပက္ခကို တည်ငြိမ်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ်ဘက်က စစ်ကောင်စီကို ပံ့ပိုးထောက်ခံပေးမယ့်သဘော တရုတ်ဝန်ကြီးချုပ်လီကျန်းက နိုဝင်ဘာလ ၆ ရက်မှာ မင်းအောင်လှိုင်ကို ပြောဆိုခဲ့ပါတယ်။
Read More

ဒီပဲယင်း စာသင်ကျောင်း တိုက်ခိုက်ခံရမှုအပါ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အချက်အလက်များ IIMM တောင်းခံ 

ကျောင်းသားကျောင်းသူ ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား IIMM က တောင်းခံထားပါတယ်။ 
Read More

ကျားဖြန့်နဲ့ ဆက်စပ်တယ်ဆိုပြီး မြန်မာပြည်က စတားလင့် ၂၅၀၀ ကျော် SpaceX ဖြတ်တောက်

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်အကောင့်များကို Facebook ၊ YouTube ၊ Twitch နှင့် MediaFire တို့မှ ဖယ်ရှား

အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာလူဦးရေ ၁၉.၉ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေပြီဟု ကုလ ထုတ်ပြန်

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း  မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေ ၁၉.၉ သန်းလောက်ဟာ အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်တပ်ကို နိုင်ငံတကာက အရေးယူရန် လိုအပ်ပြီး တိတ်ဆိတ်နေခြင်းဟာ လူသတ်သမားများကို ကာကွယ်ပေးခြင်းဖြစ်ဟု ကိုထိန်လင်း ပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို လူမဆန်စွာ ဗုံးကြဲကာ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုကို နိုင်ငံတကာအနေနဲ့ ချက်ချင်းအရေးယူသင့်ပြီး တိတ်ဆိတ်နေခြင်းဟာ လူသတ်သမားတွေကို ကာကွယ်ပေးနေခြင်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောဆိုပါတယ်။