ပူတာအိုဒေသမှာ မကြာခင် ရာနှုန်းပြည့် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအားလုံး အထူးသတိပြုပြီး ကြိုတင်ကာကွယ် ပြင်ဆင်ကြဖို့  ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF) က ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 

ကချင်ပြည်နယ်၊ ပူတာအိုဒေသကို မကြာမီ တိုက်ပွဲဆင်နွှဲသွားမှာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF) က ထုတ်ပြန်ကြေညာလိုက်တာပါ။

ပူတာအိုဒေသမှာ စစ်အာဏာရှင်အုပ်စုနဲ့ အပေါင်းအပါ ဌာနေပြည်သူ့စစ်တပ်ဖွဲ့က ဝါဒဖြန့်နေတဲ့ အခြေအနေ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း သစ္စာစောင့်သိမှုကင်းမဲ့စွာ ဒဏ်ရာရ စစ်သည်တွေကို စွန့်ပစ်ထားခဲ့မှုတွေကိုလည်း KPF က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

“မကြာတော့မည့် အချိန်တွင် မိမိတို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်တို့ အနေဖြင့် ပူတာအိုဒေသကို မလွှဲသာ မရှောင်သာ တိုက်ပွဲဆက်လက်ဆင်နွှဲသွားမည်ဖြစ်ပါသည်”ဟု KPF က ဆိုပါတယ်။

ပူတာအိုဒေသမှာ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် ဒေသခံတွေဟာ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ အခြားသောအထွေထွေ အကျပ်အတည်း ဒုက္ခတွေကိုလည်း ခံစားနေရတာဖြစ်ပါတယ်။

KPF အနေနဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပူတာအိုဒေသကို ရက်ပိုင်းအတွင်းမှာ KIA နဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်သွားတော့မှာဖြစ်တယ်လို့ အသိပေးရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှမြို့နယ် ဇရစ်မျှောင်ရွာမှ အမျိုးသမီး ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတ အလေးပြုကြ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတတဲ့အနေနဲ့ အလေးပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

BNRA ဟာ ထူးခြားသော ဝိသေသရှိသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည်ဟု KNU ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

အညာဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ အဓိက ဖော်ဆောင်နေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဟာ ဒီနေ့မှာ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်မြောက်ပြီ ဖြစ်တာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
Read More

ပုလဲမြို့နယ် ကြက်ဝိုင်းကို ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကြက်ဝိုင်းလောင်းကစားပြုလုပ်တဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် (၃၂) စီးအပါအဝင်  ကြက်(၈)ကောင်နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လုံစံ၊ မျက်ချီးနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နဲ့ နောင်အောကျေးရွာကြားတို့မှာ စစ်ကောင်စီတပ်နဲ တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄၅)လုံး၊ လက်နက်ကြီး (၃၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တစ်လကျော်အတွင်း စစ်ကိုင်းတိုင်းတွင် စစ်တပ်ကြောင့် အနည်းဆုံး ပြည်သူ ၃၉ ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

စစ်ကိုင်းတိုင်းအတွင်း အောက်တိုဘာလအစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၁ ယောက် အပါအဝင် ပြည်သူ ၃၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။