မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စကခ – ၁၉ လက်အောက်ခံ စစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင်  ၇၀ နီးပါး ‌သေဆုံး​ကာ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၉ရက်နေ့ကစလို့ ၁၁ရက်နေ့အထိ ရေးမြို့အခြေစိုက် စကခ – ၁၉ နဲ့ ၄ မိုင်အကွာ၊ ကျုံလောင်းကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲတွေ ရှိနေတာဖြစ်ပြီး စစ်ကောင်စီကို PDF ဒေါနတပ်ရင်း အပါအဝင် မွန်နဲ့ ကရင် တော်လှန်ရေးအင်အားစုတွေပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက စကခ – ၁၉ လက်အောက်ခံ ခလရ – ၃၁၊ ခလရ – ၆၁၊ ခလရ – ၁၀၆၊ ခမရ – ၂၉၉၊ ခမရ – ၃၄၃၊ ခမရ – ၅၈၆၊ ခမရ – ၅၈၇၊ ခမရ – ၅၈၃၊ ခမရ – ၅၉၁၊ အမတ – ၃၁၆ တို့က အင်အားတွေ အလုံးအရင်း အသုံးပြုကာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည့် ပုံရိပ်တချို့
ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည့် ပုံရိပ်တချို့

အဲ့ဒီရက်ဆက်တိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုတွေထဲက ရဲဘော်  ၃ယောက်လည်း ထိခိုက် ဒဏ်ရာကိုယ်စီ (မစိုးရိမ်ရ) ရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေးမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေဟာ ဒီကနေ့အထိ ကြိုကြားကြိုကြားရှိနေဆဲဖြစ်တယ်လို့ ဒေါနစစ်ကြောင်း တပ်ရင်းမှူး ကိုရန်နိုင်က ပြောပါတယ်။

“ထိတွေ့မှုကတော့ ကြိုကြားကြိုကြား ဖြစ်​နေတယ်။ သူတို့ လက်နက်ကြီးကတော့ နေ့တိုင်းလိုလို ပစ်ပါတယ်။ တစ်ဖက်မှာလည်း တော်လှန်ရေးအဖွဲ့တွေ စုစုစည်းစည်းနဲ့ အားကောင်းလာပြီဖြစ်တာကြောင့်ပြည်သူတွေဘက်ကလည်း နိုင်ရာကူပေးကြပါ။ ဘေးအန္တရာယ်ကင်းဖို့လည်း ကြိုတင်ပြင်ဆင်ကြပါ။ ပြည်သူအားလုံးပါဝင်တဲ့ ပြည်သူ့တော်လှန်ရေး အားလုံးတက်ညီလက်ညီ ဝိုင်းရုန်းကြရအောင်ပါ” လို့ ဒေါနစစ်ကြောင်း တပ်ရင်းမှူးကိုရန်နိုင်က မောင်းကို ပြောခဲ့ပါတယ်။

ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည့် ပုံရိပ်တချို့
ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည့် ပုံရိပ်တချို့

 

0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က ရပ်ကွက်တစ်ခုမှာ လူငယ် ၇ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

မန္တလေးဒေသတွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း Billboard များ ထောင်

မန္တလေးဒေသမှာ အာဏာသိမ်းစစ်တပ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားပါ Billboard တွေ စိုက်ထူကာ ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှ ပြန်လာသည့် 96 Soldiers-PDF ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို (ဓာတ်ပုံသတင်း)

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးနောက် ချင်းပြည်နယ်ကနေ အညာမြေဆီ ပြန်လည်ရောက်ရှိလာတဲ့ 96 Soldiers-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ကြောင့် ဘာသာရေးအဆောက်အအုံ တစ်သောင်းထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်၊ ရဟန်း ၁၅၉ ပါးနှင့် သီလရှင် ၅၅ ပါး ပျံလွန်တော်မူခဲ့သည်ဟု ဆို

အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ ဘာသာရေးအဆောက်အအုံ တစ်သောင်းနီးပါး ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကျောက်ဆည် ဆက်သွယ်ရေးတပ်က စစ်သား၁ယောက် လက်နက်မဲ့အလင်းဝင်၊ စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပျူစောထီးကားကို စောင့်ကြိုပစ်ခတ်မှု ပျူ ၂ ယောက် သေ

ဒီဇင်ဘာလအတွင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား၁ယောက် လက်နက်မဲ့အလင်းဝင်ရောက်လာသလို ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပွင့်ဖြူမြို့နယ်မှာ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကျေးရွာက အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။