ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Loikaw Local PDF ထံက သိရပါတယ်။

ဇန်နဝါရီလ​ ၁၅ ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီက  စစ်ရှောင်စခန်းရှိရာဆီ ပေါင်၂၀၀ ဗုံး ၄ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ

အဲဒီတိုက်ခိုက်မှုအတွင်း ဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့လို့ စစ်ရှောင်​​ မောင်နှမ ၂ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး နောက်တစ်ယောက်ကလည်း ဆေးကုသမှုခံယူရင်း ထပ်မံ သေဆုံးခဲ့ပါတယ်။ ၄ယောက်ကတော့ ခြေထောက် ၊ ပေါင် နဲ့ မျက်နှာ စတဲ့နေရာအနှံ့မှာ ထိခိုက်ဒဏ်ရာကိုယ်စီရကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းက ဘိုလျားနဲ့ ဒေါဆိုခူကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူတွေဟာ ဒေါဆိုခူကျေးရွာက ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ

ဒီဖြစ်စဥ်မတိုင်ခင်တစ်ရက်အလိုကလည်း စစ်ကောင်စီက လွိုင်ကော်မြို့မှာ ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့ပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းတက်ရောက်ခဲ့ကြောင်းသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ
0 Shares:
You May Also Like
Read More

ကချင်မှ ပြန်လာသည့် တန့်ဆည်သားများကို စစ်အုပ်စုက PDF များအဖြစ် စွပ်စွဲဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူ ၂ ဦး ပြောပြ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စစ်အုပ်စုဂိတ်စခန်းမှာ ကချင်ပြည်နယ်ကပြန်လာတဲ့ အရပ်သား ၁၁ယောက် ဖမ်းဆီးခံရပြီး ၄ယောက် သတ်ဖြတ်ခံရကာ ၂ယောက် ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။
Read More

စလင်း ပကဖ နဲ့ ပအဖ ကြား သဘောထားကွဲလွဲနေတဲ့ ဦးစံ သေဒဏ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အမျိုးသမီး ၁ ယောက်ကို မုဒိန်းကျင့်သတ်ဖြတ်ပြီး ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခဲ့တဲ့ တရားခံ ဦးစံကို သေဒဏ်ချမှတ်ခဲ့မှုအတွက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အကြား သဘောထားကွဲလွဲမှုတချို့  ရှိနေပါတယ်။
Read More

ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသည့် စစ်ကောင်စီယာဥ်တန်း လမ်းတလျှောက် ကျေးရွာများကို ခိုးယူလုယက်ကာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲ၏ တပ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ပခုက္ကူ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲရဲ့ တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တောင်သာမှာ ကွမ်းယာထွက်ဝယ်တဲ့ ရဲလင်မယားကို လက်နက်နဲ့တကွ ပကဖ ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ကွမ်းယာထွက်ဝယ်တဲ့ ရဲလင်မယား ၂ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ခုခံတိုက်ခိုက်နေတဲ့ အာရှလမ်းမကြီး စစ်မြေပြင်တနေရာမှာ (၇၆) မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်…

ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ခုခံတိုက်ခိုက်နေတဲ့ အာရှလမ်းမကြီး စစ်မြေပြင် နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်က ကရင့်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) ပ ထုတ်ပြန်ထားပါတယ်။