ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီး၊ ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းက ကျိုက်ထိုဘက်ကနေ ဘီးလင်းကို ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးကို တိုက်ခိုက်ခဲ့ရာ အထိအခိုက်များခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄ ထံက သိရပါ တယ်။

အကြမ်းဖက်စစ်တပ်ယာဉ် ၇ စီးထဲမှာ နောက်ဆုံး ၄ စီးမြောက်ကို မိုင်းဆွဲပြီး ၄၀ မမ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ် ၁ စီး ပျက်စီးပြီး စစ်သား ၆ ယောက်ထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမတ ၃၆၉ တပ်ရင်းကို ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

လမ်းသွားပြည်သူတွေထံက ဆက်ကြေးကောက်နေတဲ့ အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး ဘန်ကာတွေကို ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့အတွက် တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

တောကျွဲအင်းမြို့က သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (ရုပ်/သံ)

ယနေ့ ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းမှာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်း ၁၄ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့ကိုပါ တော်လှန်ရေးပူးပေါင်းတပ်တွေက  ယာယီစိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ရဲစခန်းအား တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရုပ်/သံမှတိတမ်း ထုတ်ပြန်

ပဲခူးတိုင်း နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတမ်းကို Bamar Revolution Armyမှ ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းမှာ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်ရဲစခန်းအား တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၄ နာရီကြာဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်သားအများအပြား သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။
Read More

သေ့ဘောဘိုးစခန်းသိမ်းပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တော်လှန်ရေးပူးပေါင်းတပ်များကို အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။
Read More

တရုတ်နိုင်ငံမှာ သမိုင်းဝင် မင်နန်းဆက် နန်းဆောင်မျှော်စင် အမိုးပြိုကျ (ရုပ်/သံ)

တရုတ်နိုင်ငံ အန်ဟွီပြည်နယ်မှာ မေလ ၁၉ ရက်က သမိုင်းဝင် မင်နန်းဆက် နန်း‌ဆောင်မျှော်စင် အမိုးပြိုကျမှုဖြစ်ပွားခဲ့တဲ့အတွက် လာရောက်လေ့လာတဲ့ ခရီးသွားတွေ အထိတ်တလန့် ထွက်ပြေးခဲ့ရပါတယ်။