တနင်္သာရီတိုင်းတစ်ခုလုံးမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် နေ့ရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူ လူဦးရေဟာ ၆ သောင်းခွဲကျော်အထိ ရှိလာကြောင်း  FE5 Tanintharyi က ထုတ်ပြန်လိုက်ပါတယ်။  

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူက ၆၅၈၀၀ အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

တနင်္သာရီတိုင်းထဲက ထားဝယ်ခရိုင်တစ်ခုထဲမှာတင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်တွေမှာတော့ နေရပ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သောင်းခွဲကျော် (၂၅,၉၀၀) လောက်အထိရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာတင် တနင်္သာရီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲ ၃၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ပဋိပက္ခတွေကြောင့် ဒီဇင်ဘာလတစ်လထဲမှာတင် အရပ်သားပြည်သူ ၇ဦးသေဆုံးခဲ့ရကာ လူနေအိမ် ၂၆၀လောက် မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဒီဇင်ဘာလတစ်လအတွင်းမှာပင်  ဒေသခံ ၃၄၀ ကျော်ကို စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့လယ်ခေါင် စစ်အုပ်စုလုံခြုံရေးဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရမှုအပါအဝင် စက်တင်ဘာလအတွင်း မြို့ပြ UG များ၏ စစ်ရေးဖော်ဆောင်မှု ၈ ကြိမ်ထက်မနည်း ရှိခဲ့

ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့က စစ်တပ်ဂိတ်ဖောက်ခွဲတိုက်ခိုက်ခံရမှုအပါအဝင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရန်ကုန်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်(UG) တွေရဲ့စစ်ရေးလှုပ်ရှားမှု ၈ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

ပခုက္ကူ ခရိုင် အမှတ် ၁၄ တပ်ရင်းရဲ့ တပ်ရင်း၂ နှစ်ပြည့်အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်းက တပ်ရင်း ၂ နှစ်ပြည့်အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်တံခါးတွင် ငလျင်အပြီး သေဆုံးသူ ၁၁ ဦး ရှိ၊ ရဲနွယ်ဆည်အတွင်း ရေနစ်သူများ အလောင်းပြန်မရသေးသလို သောက်သုံးရေ အခက်အခဲများလည်း ရှိလာ

စစ်ကိုင်းမြို့ကို ဦးတည်လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ စာဖြေသံဃာတော် ၁ ပါးနဲ့ အဘွားအို၁ယောက် အပါအဝင် အရပ်သား ၁၁ ယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ပုသိမ်မြို့မဈေးကို ဝင်ရောက်စစ်ဆေးကာ ဈေးရောင်းချိန် ကန့်သတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မဈေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဈေးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဈေးခေါင်းကိုခေါ်ပြီး ညနေ ၅ နာရီ ဈေးပိတ်ရမယ်လို့ အချိန်ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

သထုံမှာ လိုင်စင်မဲ့ဆိုင်ကယ် မောင်းနှင်မှုကြောင့် ဖမ်းဆီးခံရသူ ၅ ရက်အတွင်း သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဦးဝင်းဇော်ဟာ စစ်သားနဲ့ရဲတွေ ဖမ်းဆီးပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

KK Park ကနေ ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသား ၂၇၀ ထိုင်းကတဆင့် နေရပ်ပြန်

ပြီးခဲ့တဲ့လက KK Park စီးနင်းမှုအပြီးမှာ ထွက်ပြေးလာကြတဲ့ အိန္ဒိယနိုင်ငံသား စုစုပေါင်း ၂၇၀ ဦးကို ထိုင်းနိုင်ငံမှတဆင့် ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က နိုဝင်ဘာ ၇ ရက် သောကြာနေ့မှာ ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ထိုင်းမှာပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကြာသပတေးနေ့က အထူးလေယာဉ်နှစ်စီးနဲ့ ပြန်ခေါ်ခဲ့ကြောင်း၊ လာမဲ့ရက်တွေထဲ နောက်ထပ်ပြန်လာမဲ့သူတွေလည်းရှိကြောင်း သိရပါတယ်။